အန်ဆူဖာတီကို မန်ယူအသင်း ယူရိုသန်း(၁၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရ

အန်ဆူဖာတီကို မန်ယူအသင်း ယူရိုသန်း(၁၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရ
Published 9 June 2020

မန်ယူအသင်းသည် ဘာစီလိုနာအသင်းမှ ဆယ်ကျော်သက်တိုက်စစ်မှူး အန်ဆူဖာတီကို ယူရိုသန်း(၁၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် အန်ဆူဖာတီကို ယူရိုသန်း(၁၇၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသော်လည်း ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့်အတွက် အန်ဆူဖာတီ၏အေးဂျင့် ဂျော့ချ်မန်ဒက်စ်က အပြောင်းအရွှေ့ဖြစ်ပေါ်စေရန် ကြိုးပမ်းခဲ့ပြီး မန်ယူအသင်းက ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဘာစီလိုနာအသင်းက အန်ဆူဖာတီကို အနာဂတ်အတွက် ရည်ရွယ်ထားခြင်းကြောင့် ပယ်ချခဲ့ခြင်းဖြစ်ပြီး အသင်းကြီးတွင် နေရာပေးနိုင်ခြင်းမရှိသေးလျှင်လည်း အရန်အသင်းသို့ စေလွှတ်သွားမည်ဖြစ်သည်။

ထို့ပြင် အန်ဆူဖာတီ၏လျော်ကြေးစာချုပ်တန်ဖိုးသည် ဇူလိုင်လနောက်ပိုင်းတွင် ယူရိုသန်း(၄၀၀)ဖြစ်သွားမည်ဟုလည်း သိရသည်။

အန်ဆူဖာတီ၏ လက်ရှိလျော်ကြေးစာချုပ်တန်ဖိုးမှာ ယူရိုသန်း (၁၅၀)ဖြစ်သည်။

အန်ဆူဖာတီသည် ပြီးခဲ့သည့်သြဂုတ်လက အိုဆာဆူနာနှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက် ဘာစီလိုနာအသင်း၏ အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာပြီး ယခုရာသီအတွင်း

ပြိုင်ပွဲစုံ (၂၄)ပွဲကစားကာ (၅)ဂိုးသွင်းယူထားသည်။

 

Most Read

Most Recent