ဗန်ဒိုက်နှင့် အယ်လစ်ဆန်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုရန် လီဗာပူးလ်အသင်း စီစဉ်

ဗန်ဒိုက်နှင့် အယ်လစ်ဆန်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုရန် လီဗာပူးလ်အသင်း စီစဉ်
Photos: Getty Images
Photos: Getty Images
Published 6 June 2020

လီဗာပူးလ်အသင်းသည် အသင်း၏အဓိကကစားသမားများဖြစ်သည့် နောက်ခံလူ ဗန်ဒိုက်နှင့် ဂိုးသမား အယ်လစ်ဆန်တို့ကို နှစ်ရှည်စာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

လီဗာပူးလ်အသင်းသည် အသင်း၏အဓိကကစားသမားများဖြစ်သည့် နောက်ခံလူ ဗန်ဒိုက်နှင့် ဂိုးသမား အယ်လစ်ဆန်တို့ကို နှစ်ရှည်စာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

လီဗာပူးလ်အသင်းသည် လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဗာနာကို ခေါ်ယူရန် မအောင်မြင်ခဲ့ပြီးနောက် အသင်း၏ အဓိကကစားသမားများကို စာချုပ်သစ်ချုပ်ဆိုရန် ပိုမိုအာရုံစိုက်နေကြောင်း သိရသည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၇၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ယင်းကတည်းက အသင်း၌ ခြေစွမ်းပြကစားနေသူ ဖြစ်သည်။ 

လီဗာပူးလ်အသင်းနှင့် ချုပ်ဆိုထားသည့် ဗန်ဒိုက်၏ လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း လီဗာပူးလ်အသင်းသည် ဗန်ဒိုက်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုရန် အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် လီဗာပူးလ်အသင်းသည် အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိနေသည့် ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ကိုလည်း စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ အယ်လစ်ဆန်သည် ၂၀၁၈ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလတွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၆၆.၈)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်း၏ အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနေသူ ဖြစ်သည်။ 

Most Read

Most Recent