BoxRec.com က ထုတ်ပြန်သည့် လက်ဝှေ့သမိုင်းတစ်လျှောက် အကောင်းဆုံးလက်ဝှေ့သမား၁၀ ဦးစာရင်းတွင် ရှုံးပွဲမရှိသည့် ဖလွိုက်မေဝယ်သာ ထိပ်ဆုံး၌ရပ်တည်

BoxRec.com က ထုတ်ပြန်သည့် လက်ဝှေ့သမိုင်းတစ်လျှောက် အကောင်းဆုံးလက်ဝှေ့သမား၁၀ ဦးစာရင်းတွင် ရှုံးပွဲမရှိသည့် ဖလွိုက်မေဝယ်သာ ထိပ်ဆုံး၌ရပ်တည်
Photos: Getty Images
Photos: Getty Images
Published 3 June 2020

 အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်သူ မေဝယ်သာသည် ပရိုလက်ဝှေ့ပွဲ ၅၀ ပွဲ ထိုးသတ်ရာတွင် ပွဲအားလုံးအနိုင်ရခဲ့ပြီး မတူညီသည့်ဝိတ်တန်းငါးခု၏ ချန်ပီယံလည်းဖြစ်ခဲ့သည်။ မေဝယ်သာ၏အဓိကပြိုင်ဘက်ဖြစ်ခဲ့သူ ပက်ကီယောင်းမှာ အဆင့်နှစ်နေရာတွင် ရပ်တည်ခဲ့သည်။

BoxRec.com မှထုတ်ပြန်သည့် လက်ဝှေ့သမိုင်းတစ်လျှောက် အကောင်းဆုံးလက်ဝှေ့သမား ၁၀ ဦးစာရင်းတွင် ရှုံးပွဲမရှိသည့် အမေရိကန်လက်ဝှေ့သမားဟောင်း ဖလွိုက်မေဝယ်သာက ထိပ်ဆုံး၌ရပ်တည်ခဲ့ကြောင်း သိရသည်။ 

BoxRec သည် အမျိုးသားနှင့် အ မျိုးသမီးနှစ်ရပ်စလုံးမှ လက်ဝှေ့သမားများ၏ စံချိန်မှတ်တမ်းများနှင့်ပတ်သက်ပြီး အချက်အလက်ပြုလုပ်ပေးနေသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝ ၂၁ နှစ်တာအတွင်း ရှုံးပွဲလုံးဝမရှိသည့် မေဝယ်သာသည် ယင်းစာရင်း ထိပ်ဆုံးနေရာ၌ အလွယ်တကူပင် ရပ်တည်နိုင်ခဲ့သည်။

 အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်သူ မေဝယ်သာသည် ပရိုလက်ဝှေ့ပွဲ ၅၀ ပွဲ ထိုးသတ်ရာတွင် ပွဲအားလုံးအနိုင်ရခဲ့ပြီး မတူညီသည့်ဝိတ်တန်းငါးခု၏ ချန်ပီယံလည်းဖြစ်ခဲ့သည်။ မေဝယ်သာ၏အဓိကပြိုင်ဘက်ဖြစ်ခဲ့သူ ပက်ကီယောင်းမှာ အဆင့်နှစ်နေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၁၆ ခုနှစ်ကတည်းက ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်အဖြစ်လည်း ဆောင်ရွက်ခဲ့သူ ပက်ကီယောင်းသည် သူ၏လက်ဝှေ့ မှတ်တမ်းတွင် ၆၂ ပွဲနိုင်၊ ခုနစ်ပွဲရှုံး၊ နှစ်ပွဲသရေမှတ်တမ်းရှိခဲ့ကာ မတူညီသည့်ဝိတ် တန်းရှစ်တန်း၌ ချန်ပီယံဖြစ်ခဲ့ဖူးသည့် တစ်ဦးတည်းသော လက်ဝှေ့သမားလည်းဖြစ်သည်။ 

၁၉၆၀ နှင့် ၁၉၇၀ နှစ်များအတွင်းမစ်ဒယ်ဝိတ်တန်းတွင် အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ချန်ပီယံအဖြစ် ခုနစ်ကြာ ရပ်တန့်နိုင်ခဲ့သည့် အာဂျင်တီးနား လက်ဝှေ့သမားဟောင်း ကားလို့စ်မွန်ဇွန် (၈၇ ပွဲနိုင်၊ သုံးပွဲသရေ၊ ကိုးပွဲရှုံး) က လက်ဝှေ့ ဂန္ထဝင် မိုဟာမက်အလီကိုကျော်ကာ အဆင့် သုံးနေရာတွင် ရပ်တည်ခဲ့သည်။ အမေရိကန် လက်ဝှေ့သမားဟောင်း ရှူးဂါးရေးရော်ဘင်ဆင်က (၁၇၄ ပွဲနိုင်၊ ၁၉ ပွဲရှုံး၊ ခြောက်ပွဲသရေ) အဆင့်ငါးနေရာတွင် ရှိနေခဲ့သည်။

အဆင့်ခြောက်နေရာတွင် ဘားနက်ဟော့ကင်း(၅၅ ပွဲနိုင်၊ ရှစ်ပွဲရှုံး၊ နှစ်ပွဲသရေ)၊ အဆင့်ခုနစ်နေရာတွင် ဂျိုးလူးဝစ်(၆၆ ပွဲနိုင်၊ သုံး ပွဲရှုံး)၊ အဆင့်ရှစ်နေရာတွင် အာချီမိုး(၁၈၆ ပွဲနိုင်၊ ၂၃ ပွဲရှုံး)၊ အဆင့်ကိုးနေရာတွင် အော်စကာဒယ်လာဟိုယာ(၃၉ ပွဲနိုင်၊ ခြောက်ပွဲရှုံး)၊ အဆင့် ၁၀ နေရာတွင် ဂျူလီယိုဆီဆာချာဗက်ဇ်(၁၀၇ ပွဲနိုင်၊ ခြောက်ပွဲရှုံး၊ နှစ်ပွဲသရေ) ဖြင့် အသီးသီးရပ်တည်ခဲ့သည်။ 

ယင်းလက် ဝှေ့သမား ၁၀ ဦးအနက် ခုနစ်ဦးမှာ အမေရိကန်နိုင်ငံသားများဖြစ်ပြီး ကျန်သုံးဦးသာ ပြင်ပလက်ဝှေ့သမားများဖြစ်ကြောင်း သိရသည်။ ယခု ၁၀ ဦးစာရင်းတွင် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်ဆန်နှင့်အတူ နာ မည်ကြီးများဖြစ်သည့် အီဗန်ဒါဟိုလီဖီး၊  ရော့ကီမာစီယာနို၊ ရော်ဘတ်တိုဒူရန်တို့လည်း မပါဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent