COVID-19 ကြောင့် ဘဏ္ဍာရေးလိုငွေပြခြင်း မဟုတ်ဘဲ နှစ်စဉ်ဘဏ္ဍာရေးလိုငွေ ဖြစ်ပေါ်နေသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အသုံးစရိတ်လျှော့ပြီး ချွေတာအသုံးပြုရန် လိုအပ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

COVID-19 ကြောင့် ဘဏ္ဍာရေးလိုငွေပြခြင်း မဟုတ်ဘဲ နှစ်စဉ်ဘဏ္ဍာရေးလိုငွေ ဖြစ်ပေါ်နေသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အသုံးစရိတ်လျှော့ပြီး ချွေတာအသုံးပြုရန် လိုအပ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 23 May 2020
ပြည့်ဖြိုးအောင်

COVID-19 ကြောင့် ဘဏ္ဍာရေးလိုငွေ ပြခြင်းမဟုတ်ဘဲ နှစ်စဉ်ဘဏ္ဍာရေးလိုငွေ ဖြစ်ပေါ်နေသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် အသုံးစရိတ်လျော့ပြီး ချွေတာ အသုံးပြုရန် လိုအပ်ကြောင်း တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်နိုင်ဦးက ပြောကြားသည်။

မေ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှပေးပို့သော နိုင်ငံ တော်၏ လိုငွေအားဖြည့်ဆည်းရန်အတွက် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူရေးနှင့်ပတ်သက်၍ ဆွေး နွေးရာတွင် ဗိုလ်မှူး အောင်နိုင်ဦးက ယင်း ကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“မြင့်တက်လာနိုင်တဲ့ ဘဏ္ဍာရေးလို ငွေကို ဖြေရှင်းရန် ချေးယူခြင်းဖြစ်သည်ဆို သော်လည်းပဲ ဘဏ္ဍာရေးလိုငွေပြတဲ့ကိစ္စ ဟာ  COVID-19 ကြောင့် ထူးခြားဖြစ်လာ တာမဟုတ်ပါကြောင်းနဲ့ နှစ်စဉ်ဘဏ္ဍာရေး လိုငွေဖြစ်ပေါ်နေတာသာ ဖြစ်ပါကြောင်း ထောက်ပြဆွေးနွေးလိုပါတယ်။ ဒါကြောင့်  ပြည်ထောင်စုအစိုးရအနေနဲ့ အသုံးစရိတ် လျော့ချဖို့ မကုန်သင့်တာ မကုန်ရအောင် ချွေတာကြဖို့ လိုအပ်ပါတယ်။နှစ်စဉ်ဖြစ်နေ သည့် လိုငွေကို ဟိုကချေးသုံးလိုက် ဒီကချေး သုံးလိုက်နဲ့ လုပ်လာတာ အောင်မြင်ခဲ့လား၊မအောင်မြင်ဘူးလားဆိုတာတော့ လက်ရှိ ဖြစ်နေတဲ့ ၃၁ ရက်  ၁၂ လ ၂၀၁၉ ရက်အထိ ပြည်ပကြွေးမြီ  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄၅ ဘီလျံ ပြည်ပကြွေးမြီနဲ့  GDP အချိုး ၁၃ ဒသမ ၁၃ ရာခိုင်နှုန်းဟာ သက် သေခံနေပါတယ်။ ကြွေးမြီခံနိုင်ရည်ရှိမှု ဘောင်အတွင်း ရှိတယ်ဆိုပေမယ့် အန္တရာယ် ကြီးမားတဲ့အခြေအနေဖြစ်ကြောင်း ထောက်ပြလိုပါတယ်။ အတိုးမပေးရဘူး။အတိုးနည်း တယ်များတယ်။ ဆိုင်းငံ့ကာလနည်းတယ်။များတယ်ဆိုပေမယ့် အကြွေးကတော့ အကြွေးပါပဲ။နိုင်ငံသားတိုင်းရင်းသားပြည်သူ တွေရဲ့ အခွန်ဘဏ္ဍာငွေတွေနဲ့ မလွဲမသွေပြန် ဆပ်ရမှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးအောင်နိုင်ဦးက ပြောကြားသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ယခင်ကတည်းက မဟာဗျူဟာများ ချမှတ် ဆောင်ထားသော်လညး် အဆိုပါဗျူဟာများ ရည်မှန်းချက်ပေါက်မြောက်အောင် မည်မျှ အတိုင်းအထိ ဆောင်ရွက်ခဲ့ကြောင်းကို ပြန်လည်ဆန်းစစ်သင့်ကြောင်း ဗိုလ်မှူး အောင်နိုင်ဦးက ပြောကြားသည်။

အလားတူ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ကျော်မိုးက ဆွေး နွေးရာတွင်  ပြည်ပချေးငွေများ ရယူ သုံးစွဲ ရာ၌ ပြည်သူများအတွက် အလေ့အလွင့် မရှိစေဘဲ အကျိုးရှိစေမည့် တိကျသော စီမံ ချက်များ ရေးဆွဲဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

“ဗဟိုဘဏ်က မချေးဘဲ ပြည်ပအဖွဲ့ အစည်းတွေဆီက ချေးရင်လည်း ပြည်ပ ချေး ငွေပမာဏ မြင့်တက်လာမှာပဲဖြစ်ပါတယ်။ချေးငွေသက်တမ်းအလိုက် နှစ်စဉ် အတိုးအရင်းပြန်လည်ပေးဆပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုပြည်ပချေးငွေတွေ ရယူသုံးစွဲတော့မယ် ဆိုရင် နိုင်ငံတော်နဲ့နိုင်ငံသားပြည်သူတွေ အတွက် အလေ့အလွင့်မရှိစေဘဲ အကျိုးရှိ စေမယ့် တိကျတဲ့စီမံချက်တွေ ရေးဆွဲဆောင် ရွက်ဖို့ လိုပါတယ်”ဟု ဗိုလ်မှူးကြီး အောင် ကျော်မိုုးက ပြောကြားသည်။

မဖြစ်မနေလိုအပ်သည့် စားနပ်ရိက္ခာ ထုတ်လုပ်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန် ထုတ်စက်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဗိုလ်မှူးကြီးအောင် ကျော်မိုးက ပြောကြားသည်။

“နိုင်ငံတော်အရန်ရိက္ခာဝယ်ယူဖို့ ကျပ် ၃၈ ဘီလျံကို စီးပွားရေး ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအတွက် ခွင့်ပြုဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမှန် တကယ်ရော ထိရောက်မှုရှိရဲ့လား။အခြေခံ လူတန်းစားတွေအတွက် တစ်ရက်စာ ဝမ်းဝ ရုံပဲလား။ ဘယ်နှစ်ရက်စာ အကျိုးရှိမလဲဆို တာ ပြန်လည်သုံးသပ်သင့်ပါတယ်”ဟု ဗိုလ် မှူးကြီးအောင်ကျော်မိုးက ပြောကြားသည်။

COVID-19 ရောဂါကြောင့် နိုင်ငံတော် ရငွေများလျော့နည်းနိုင်သည့်အတွက် နိုင်ငံ တော်၏လိုငွေအား ဖြည့်ဆည်းရန် အပြည် ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ ဒေါ်လာ သန်း ၇၀၀ ချေးယူရေး ကိစ္စနှင့်ပတ်သက်၍ မေ ၁၈ ရက်က ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။

COVID-19 ရောဂါကြောင့် ထိခိုက်မှုရှိ သည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သုံးလ တစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကိုလည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ရွှေ့ဆိုင်းပေးခဲ့ခြင်း၊ ပို့ကုန် လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့်  ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိကင်းလွတ်ခွင့်ပေးခဲ့ ခြင်း၊ ခေတ္တရပ်နားခဲ့ရသည့် စီးပွားရေးလုပ် ငန်းအချို့တွင် ဝင်ငွေများ လျော့နည်းမှု ကြောင့် ယင်းတို့အပေါ် ကောက်ခံသည့် ဝင် ငွေများလည်း လျော့နည်းနိုင်မည်ဖြစ်ခြင်း စသည်များကြောင့် နိုင်ငံတော်၏ အခွန် အကောက်ရငွေများအပေါ်တွင် ထိခိုက်မှုရှိ နိုင်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ တင်ပြခဲ့သည်။  

 

Most Read

Most Recent