ကမ္ဘာ့ချန်ပီယံဟောင်း ရန်ဖန်ကို နောက်မှလိုက်ကစားပြီး ဘုန်းမြင့်ကျော် (ခ) မောင်မောင် (၅) ပွဲဆက်အနိုင်ရ

ကမ္ဘာ့ချန်ပီယံဟောင်း ရန်ဖန်ကို နောက်မှလိုက်ကစားပြီး ဘုန်းမြင့်ကျော် (ခ) မောင်မောင် (၅) ပွဲဆက်အနိုင်ရ
Photos: Ko Ar Ti Facebook
Photos: Ko Ar Ti Facebook
Published 15 May 2020

Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် ပ ဉ္စမပွဲအဖြစ် ကမ္ဘာ့ချန်ပီယံဟောင်း တရုတ်ကစားသမား ရန်ဖန်ကို (၂၁-၁၈) ပွဲဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ဘုန်းမြင့်ကျော်သည် ပထမပိုင်းတွင် နောက်မှလိုက်ကစားခဲ့ရပြီး (၉-၁၁) ပွဲဖြင့် အရေးနိမ့်နေသည်။ ဘုန်းမြင့်ကျော်သည် ခွဲဘောများ အားနည်းချက်ရှိခဲ့သောကြောင့် နောက်မှလိုက်ကစားခဲ့ရခြင်းဖြစ်သည်။ 

ဒုတိယပိုင်းအစတွင်မူ ဘုန်းမြင့်ကျော် ပုံမှန်လက်ရည်ပြန်ရလာပြီး (၁၃) ပွဲစီပြန်လည်တူညီသွားသလို (၁၄-၁၃) ပွဲဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။  သို့သော် ပွဲငယ် (၂၈)ပွဲမြောက်တွင် နိုင်ပွဲရယူနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသောကြောင့် (၁၅) ပွဲမြောက် နိုင်ပွဲရမည့်အခွင့်အရေး လက်လွှတ်ခဲ့ရကာ (၁၄) ပွဲစီ တူညီသွားခဲ့သည်။ 

ဘုန်းမြင့်ကျော်သည် ပွဲငယ် (၂၉) ပွဲမြောက်တွင် ပြန်လည်အနိုင်ရခဲ့သောကြောင့်​ (၁၅-၁၄) ပွဲဖြင့် ဦးဆောင်နိုင်ခဲ့သလို တောက်လျှောက်နိုင်ပွဲရယူကာ (၁၉-၁၅) ပွဲဖြင့် ဦးဆောင်နိုင်ခဲ့သည်။ 

သို့သော် နောက်ပိုင်းတွင် ရန်ဖန်က နိုင်ပွဲများ ပြန်လည်ရယူနိုင်ခဲ့ရာ (၂၀-၁၈) ပွဲအထိပြန်ဖြစ်ကာ အကြိတ်အနယ်ဖြစ်ခဲ့ပြီး ပွဲငယ် (၃၉) ပွဲမြောက်တွင် ဘုန်းမြင့်ကျော် အနိုင်ရခဲ့သောကြောင့် (၂၁-၁၈) ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် (၅)ပွဲကစား (၅)ပွဲစလုံးအနိုင်ရကာ ရမှတ် (၃၁၀၀၀) မှတ်ဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိသည်။ ဘုန်းမြင့်ကျော်သည် ဆဌမပွဲစဉ်အဖြစ် မေ (၁၆) ရက် (စနေနေ့) တွင် ဝူကျန်ယုနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent