ရီးယဲလ်တိုက်စစ်မှူးယိုဗစ်၏ ခြေထောက်ဒဏ်ရာမှာ မတော်တဆဖြစ်ခဲ့ခြင်းဟု ဆို

ရီးယဲလ်တိုက်စစ်မှူးယိုဗစ်၏ ခြေထောက်ဒဏ်ရာမှာ မတော်တဆဖြစ်ခဲ့ခြင်းဟု ဆို
Photos: Getty Images
Photos: Getty Images
Published 12 May 2020

ယိုဗစ်သည် ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မှ ၎င်း၏နေအိမ်သို့ သွားရောက်နေထိုင်နေသူဖြစ်ပြီး နံရံတံတိုင်းတစ်ခုပေါ်မှပြုတ်ကျကာ ခြေဖနောင့်ရိုးကျိုးသည့်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဆိုခဲ့သည်။ 

ရီးယဲလ်အသင်းတိုက်စစ်မှူး ယိုဗစ်၏ ခြေထောက်ဒဏ်ရာမှာ ဆားဘီးယားနိုင်ငံတွင် မတော်တဆဖြစ်ပြီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ယိုဗစ်သည် ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မှ ၎င်း၏နေအိမ်သို့ သွားရောက်နေထိုင်နေသူဖြစ်ပြီး နံရံတံတိုင်းတစ်ခုပေါ်မှပြုတ်ကျကာ ခြေဖနောင့်ရိုးကျိုးသည့်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဆိုခဲ့သည်။ 

ယိုဗစ်၏ဖခင်ဖြစ်သူက လေ့ကျင့်မှုပြုလုပ်စဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သော်လည်း ဆားဘီးယားသတင်းစာ Kurir က ယခုကဲ့သို့ ဖော်ထုတ်တင်ပြခဲ့ခြင်းဖြစ်သည်။ 

ယိုဗစ်သည် ပြီးခဲ့သည့်နှစ် နွေရာသီက ဖရန့်ဖတ်အသင်းမှ ရီးယဲလ်အသင်းသို့ ယူရိုသန်း(၆၀)ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

သို့သော် ယိုဗစ်သည် ရီးယဲလ်အသင်းတွင် ပုံမှန်နေရာရရန်ရုန်းကန်နေရပြီး ပြန်လည် ရောင်းထုတ်ခံရတော့မည်ဟု ထင်ကြေးပေးခံနေရသူဖြစ်သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်သည် ရီးယဲလ်အတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၄)ပွဲတွင် (၂)ဂိုးသာ သွင်းယူထားပြီး ၎င်းကို ခေါ်ယူရန် အေစီမီလန်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent