ရခိုင်ပြည်နယ်အတွင်း စစ်ဘေးသင့်ပြည်သူ ၁၆၀၀၀၀ ကျော် ရှိလာပြီး ခြောက်သောင်းကျော်သာ စစ်ဘေးရှောင် စခန်းတွင် ရှိနေဟုဆို

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးသင့်ပြည်သူ ၁၆၀၀၀၀ ကျော် ရှိလာပြီး ခြောက်သောင်းကျော်သာ စစ်ဘေးရှောင် စခန်းတွင် ရှိနေဟုဆို
Published 1 May 2020
သန်းလှိုင် (စစ်တွေ)

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးသင့် ပြည်သူအရေအတွက် ၁၆၄၂၀၀ ကျော် အထိရှိလာပြီး ခြောက်သောင်းကျော်သာ စစ်ဘေးရှောင်စခန်းတွင် ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC (Rakhine Ethnics Congress) မှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စာရင်းသည် ၂၀၂၀  ပြည်နှစ် ဧပြီ ၃၀ ရက်အထိ ကောက်ခံရယူထားသော စာရင်းဖြစ်ကြောင်းနှင့် ပြည်သူများ စား သောက်ရေးအခက်အခဲ၊ ရေအခက်များကိုလည်းရင်ဆိုင်နေကြရကြောင်းလည်း သိရသည်။

စစ်ဘေးသင့်(စစ်ဘေးရှောင်) ပြည်သူ ၁၆၄၂၀၀ ကျော်အနက် ၁၀၁၆၇၀ မှာ ကယ်ဆယ်ရေးစခန်း (စစ်ဘေးရှောင်စခန်း) အပြင်ဘက်တွင် ရောက်ရှိနေကြသူများဖြစ် ပြီး စစ်ဘေးရှောင်စခန်းများတွင် ၆၂၅၄၀ ကျော် အထိရှိကြောင်း၊ ယင်းတို့မှာ ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ် များမှ နေရပ်စွန့်ခွာရောက်ရှိနေကြသူများ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။

REC ထုတ်ပြန်ချက်စာရင်းများအရ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေး ကာယာယီ ခိုလှုံနေကြရသည့် ဒေသခံ ဦးရေမှာ ရသေ့တောင်မြို့နယ်တွင် ၁၈၁၂၁ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ၁၇၂၀၁ ဦး၊ မင်းပြားမြို့နယ်တွင် ၁၆၉၈၈ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၅၆၅၆ ဦး၊ ကျောက်တော် မြို့နယ်တွင် ၁၅၈၀၉ ဦး၊ မြောက်ဦးမြို့နယ်မှာ ၁၂၈၂၇ ဦး၊ မြေပုံမြို့နယ်တွင် ၆၂၄၆ ဦး၊ အမ်းမြို့နယ်တွင် ၆၅၉၂ ဦး၊ ပေါက်တောမြို့ နယ်မှာ ၁၄၉၂ ဦးနှင့် စစ်တွေမြို့နယ်တွင် ၇၃၈ ဦးအထိရှိနေကြောင်းသိရသည်။

သို့သော်လည်း လက်ရှိအနေအထား တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်း တိုက်ပွဲရှောင်များအတွက် နေအိမ်တန်းလျားများဆောက်လုပ်ပေးခြင်း မပြု လုပ်ရန် ပြည်နယ်အစိုးရအဖွွဲ့မှ ဧပြီ ၂၉ ရက် တွင် စစ်တွေခရိုင်စီမံခန့်ခွဲမှုကော်မတီသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်းသိရ သည်။

ရသေ့တောင်မြို့နယ်အတွင်း စစ်ဘေး ရှောင်များမိုးရာသီတွင် နေထိုင်နိုင်ရန် အတွက် လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များဦးဆောင်ကာ နေအိမ် တန်းလျားများ ဆောက်လုပ်ပေးလျက်ရှိ ကြောင်း၊ ယင်းသို့ဆောက်လုပ်နေခြင်းမှာ လည်းမိုးရာသီတွင် နေထိုင်ရေးအဆင်ပြေ စေရန် ဆောက်လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်စီမံခန့်ခွဲမှုကော်မတီသို့ ပေးပို့ သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အကြောင်းကြားစာတွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများဘေးကင်းရာတွင် ယာ ယီစုရပ်များ၌ ခိုလှုံနေကြရကြောင်း၊ ယင်း တို့၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာ ဆက်လက်သင်ကြားရေး၊ အထောက်အပံ့ ပစ္စည်းများပို့ဆောင်ရေးကိစ္စများနှင့်အခြားစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များအားလုံခြုံ ရေး အခြေအနေနှင့်လမ်းပန်းဆက်သွယ် ရေးအခြေအနေများအရ အချိန်နှင့် တစ် ပြေးညီ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် အခက် အခဲများနှင့်ကြုံတွေ့နေရသည့်အပြင် တိုက် ပွဲရှောင်ပြည်သူများ၏ လုံခြုံရေးအတွက် စိုးရိမ်ရသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ က မြို့နယ် ခြောက်ခုတွင် တိုက်ပွဲရှောင်စခန်း ခုနစ်ခုဆောက်လုပ်ပေးထားကြောင်း၊ သို့ရာ တွင် စုရပ်နေရာများပိုမိုများပြားပြန့်ကျဲစွာ မရှိစေရန်နှင့် လုံခြုံရေးအတွက် ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲတစ်ဦးချင်း၊ အစုအဖွဲ့များဖြင့်သော်လည်းကောင်း တိုက် ပွဲရှောင်စုရပ်စခန်းများတည်ဆောက်ခြင်း မပြုလုပ်ကြရန် အကြောင်းကြားထားပြီးဖြစ် ကြောင်းနှင့် ရသေ့တောင်မြို့နယ်အတွင်း ပြည်နယ် အစိုးရ၏ခွင့်ပြုချက်မရှိဘဲတိုက်ပွဲ ရှောင်စခန်းဆောက်လုပ်ရန် စီစဉ်နေ ကြောင်းသိရသဖြင့် ဆောက်လုပ်ရန် စီစဉ် နေမှုအားအချိန်မီ တားဆီးသွားရန်၊ ပြည် နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်သာ ဆောင်ရွက်ရန် ပါရှိကြောင်း သိရသည်။

 

 

Most Read

Most Recent