နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ် (Relief Fight) အဖြစ် ရန်ကုန်မြို့မှ စင်ကာပူ၊ ဘန်ကောက်နှင့် နယူးဒေလီမြို့သို့ ပျံသန်းမည့်စရိတ်ကို အစိုးရကကျခံပေးမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ပျံသန်းစရိတ်အား ခရီးသည်များက ကျခံရမည်

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ် (Relief Fight) အဖြစ် ရန်ကုန်မြို့မှ စင်ကာပူ၊ ဘန်ကောက်နှင့် နယူးဒေလီမြို့သို့ ပျံသန်းမည့်စရိတ်ကို အစိုးရကကျခံပေးမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ပျံသန်းစရိတ်အား ခရီးသည်များက ကျခံရမည်
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 29 April 2020
ရွှန်းလဲ့ဝင်း

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေး လေယာဉ် (Relief Fight) အဖြစ် ရန်ကုန်မှ စင်ကာပူ၊ ဘန်ကောက်နှင့် နယူးဒေလီမြို့များသို့ ပျံသန်းမည့်စရိတ်အား အစိုးရမှ ကျခံပေးမည်ဖြစ်ပြီး ခရီးသည်များမှ ရန်ကုန်မြို့သို့ ပျံသန်းစရိတ်ကိုသာ ကျခံရမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ COVID-19 ရောဂါ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်တို့မှ ကာကွယ်ရန် ပြည်ပနိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအကြား ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိသည့် နိုင်ငံတကာ ခရီးသည်တင် လေယာဉ် (Commercial Flights) များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်မှု ယာယီရပ်ဆိုင်းမှုကို မေ ၁၅ ရက်အထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းသို့ ခရီးသည်တင်လေယာဉ်များ ရပ်ဆိုင်းမှုကြောင့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ရောက်ရှိနေပြီး ဆက်လက်နေထိုင်ရန် အမှန်တကယ် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသို့ ပြန်လိုကြသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ် (Relief Fight) အဖြစ် ခေါ်ဆောင်နိုင်ရန် ယင်းနိုင်ငံများရှိ သံရုံးများနှင့် မြန်မာနိုင်ငံအစိုးရ၊ နိုင်ငံပိုင်လေကြောင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်က ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ စင်ကာပူ၊ ဘန်ကောက် သုဝဏဘူမိနှင့် နယူးဒေလီမြို့များသို့ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ညှိနှိုင်း၍ Relief Fight များကို အမြန်ဆုံး ပျံသန်းပေးသွားမည်ဖြစ်ကာ ပျံသန်းမည့် နေ့ရက်အချိန်၊ ခေါက်ရေများကို ညှိနှိုင်းပြီးစီးပါက အချိန်နှင့်တစ်ပြေးညီ ကြေညာပေးမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပျံသန်းမည့် Relief Fight များအနက် ပထမဆုံး စတင်ပျံသန်းမည့် နိုင်ငံမှာ စင်ကာပူနိုင်ငံသို့ဖြစ်ပြီး ခန့်မှန်း ခရီးသည်ဦးရေ တစ်ထောင်ကျော်ခန့်ရှိကြောင်း သိရသည်။

“မြန်မာအမျိုးသားလေကြောင်းအနေနဲ့ စတင်ပျံသန်းမယ့် Relief Fight တွေကို စင်ကာပူနိုင်ငံကို စတင်ပျံသန်းမှာ ဖြစ်ပြီး မေလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ပျံသန်းဖို့ စီစဉ်ထားပါတယ်။ Relief Fight အဖြစ် ရန်ကုန်ကနေ စင်ကာပူ၊ ဘန်ကောက်နဲ့ နယူးဒေလီမြို့တွေကို ပျံသန်းမယ့်စရိတ်ကို အစိုးရက ကျခံပေးမှာဖြစ်ပြီး ခရီးသည်တွေက ရန်ကုန်မြို့သို့ ပျံသန်းစရိတ်ကိုသာ ကျခံရမှာ ဖြစ်ပါတယ်။ လက်ရှိ ပျံသန်းမယ့် သုံးနိုင်ငံမှာ စင်ကာပူနိုင်ငံကခရီးသည်က အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည်လိုက်ပါလာမယ့် ခရီးသည်တွေအားလုံးဟာ ၂၁ ရက် Quarantine ဝင်ရမှာဖြစ်လို့ ကျန်းမာရေးဝန်ကြီးဌာနက Quarantine လက်ခံနိုင်မယ့် ဦးရေပေါ်မူတည်ပြီး Relief Fight တွေကို ပျံသန်းသွားမှာပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီးဖြစ်သူ Capt Khup Khan Mung က ပြောကြားသည်။

ယင်းပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI ကလည်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အင်ချွန်းလေဆိပ်မှ ရန်ကုန်သို့ ပျံသန်းမည့် Relief Fight ခရီးစဉ်အား ၂၀၂၀ ပြည့်နှစ် ဧပြီ  ၃၀ ရက်နှင့် မေ ၃၊ ၅၊ ၈၊  ၁၅၊ ၂၂ နှင့် ၂၉ ရက်များတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်လာရန် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပျံသန်းသွားမည်ဖြစ်သည်။

Most Read

Most Recent