လာအိုလက်ရွေးစင်နှင့် လူငယ်အသင်းများ၏ ဂိုးနည်းပြအဖြစ် ဦးနေလှိုင် တာဝန်ယူဆောင်ရွက်ရမည်

လာအိုလက်ရွေးစင်နှင့် လူငယ်အသင်းများ၏ ဂိုးနည်းပြအဖြစ် ဦးနေလှိုင် တာဝန်ယူဆောင်ရွက်ရမည်
Photo : EMG
Photo : EMG
Published 29 April 2020

လာအိုဘောလုံးအဖွဲ့ချုပ်သည် ဦးနေလှိုင်ကို လက်ရွေးစင်အသင်းအပါအဝင် ယူ- ၂၂ အသင်း၊ ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းအားလုံး၏ ဂိုးနည်းပြအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေ တည်ငြိမ်သွားမှသာ လာအိုဘောလုံးအဖွဲ့ချုပ်နှင့် ညှိနှိုင်းကာ လက်ရွေးစင်အသင်းများကို တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။

 

မြန်မာဂိုးနည်းပြ ဦးနေလှိုင်သည် လာအိုလက်ရွေးစင်ဘောလုံး အသင်း၏ ဂိုးနည်းပြအဖြစ် ဆောင်ရွက်နေရပြီး လက်ရွေးစင်အသင်း အပါအဝင် လူငယ်လက်ရွေးစင်အသင်းများကို တာဝန်ယူဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

လာအိုဘောလုံးအဖွဲ့ချုပ်သည် ဦးနေလှိုင်ကို ဖေဖော်ဝါရီက ကမ်းလှမ်းခဲ့ပြီး မတ် ၁၀ ရက်တွင် လာအိုနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ဦးနေလှိုင် လာအိုနိုင်ငံသို့ရောက်ရှိအပြီး ရက်ပိုင်းအကြာမှာပင် Covid-19 ရောဂါပိုးရှိသူများ တွေ့ရှိခဲ့သောကြောင့် လေ့ကျင့်မှုရပ်နားထားပြီး လာအိုလူငယ်လက်ရွေးစင်အသင်းကို ရက်ပိုင်းသာ လေ့ကျင့်ပေးရသေးကြောင်း သိရသည်။ 

လာအိုဘောလုံးအဖွဲ့ချုပ်သည် ဦးနေလှိုင်ကို လက်ရွေးစင်အသင်းအပါအဝင် ယူ- ၂၂ အသင်း၊ ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းအားလုံး၏ ဂိုးနည်းပြအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေ တည်ငြိမ်သွားမှသာ လာအိုဘောလုံးအဖွဲ့ချုပ်နှင့် ညှိနှိုင်းကာ လက်ရွေးစင်အသင်းများကို တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။ လာအိုဘောလုံးအဖွဲ့ချုပ်သည် လာအိုလက်ရွေးစင်အသင်းနည်းပြ ချုပ်အဖြစ် စင်ကာပူနိုင်ငံသား ဆာဒရန်မိုသီနှင့် စင်ကာပူလက် ထောက်နည်းပြများကို ခန့်အပ်ထားပြီး မြန်မာနိုင်ငံသား ဂိုးနည်းပြ ဦးနေလှိုင်ကို ထပ်မံခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

ဦးနေလှိုင်က "ကျွန်တော် လောလောဆယ် လာအိုနိုင်ငံမှာပဲ ဆက်ရှိနေပါတယ်။ လေ့ကျင့်မှုကတော့ ရက်ပိုင်းပဲ ကိုင်တွယ်ရပါသေးတယ်။ သူတို့ကတော့ လူငယ်အသင်းတွေရော လက်ရွေးစင်အသင်းပါ ကိုင်တွယ်ရမှာပါ။ ပြိုင်ပွဲတိုက်ဆိုင်မှ ဦးစားပေးအသင်းကို သူတို့တာဝန်ပေးမှာဖြစ်ပြီး  ပြိုင်ပွဲဝေးတဲ့ကာလမှာ အသင်းအားလုံးကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ လောလောဆယ် လေ့ကျင့်မှုမပြုလုပ်သေးပေမယ့် ဗီဒီယိုကနေတစ်ဆင့် သင်ကြားပေးနေပါတယ်" ဟု ပြောကြားခဲ့သည်။ 

လာအိုဘောလုံးအဖွဲ့ချုပ်သည် ဦးနေလှိုင်ကို တစ်နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ပရော်ဖက်ရှင်နယ်စနစ် ကူးပြောင်းပြီးနောက်ပိုုင်း ပြည်ပလက်ရွေးစင်အသင်းများတွင် ပထမဆုံးဂိုးနည်းပြအဖြစ် ဆောင်ရွက်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဦးနေလှိုင်သည် ကစားသမားဘဝမှ အနားယူပြီးနောက်ပိုင်း ဟံသာဝတီစီနီယာ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းတို့တွင် ဂိုးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး လာအိုဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုကို လက်ခံရန် ရှမ်းယူနိုက်တက်အသင်းက စာချုပ်ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်သည်။ 

 

Most Read

Most Recent