ကန့်ကွက်မှုများရှိနေသည့် ဆော်ဒီအိမ်ရှေ့မင်းသား၏ဝယ်ယူမည့်အစီအစဉ် မဖြစ်ခဲ့လျှင်လည်းနယူးကာဆယ်အသင်းကို ပေါင် သန်း ၃၅၀ ဖြင့် ကမ်းလှမ်းမည့်သူ အဆင်သင့်ရှိနေ

ကန့်ကွက်မှုများရှိနေသည့် ဆော်ဒီအိမ်ရှေ့မင်းသား၏ဝယ်ယူမည့်အစီအစဉ် မဖြစ်ခဲ့လျှင်လည်းနယူးကာဆယ်အသင်းကို ပေါင် သန်း ၃၅၀ ဖြင့် ကမ်းလှမ်းမည့်သူ အဆင်သင့်ရှိနေ
Photos: Getty Images
Photos: Getty Images
Published 29 April 2020

အခြားတစ်ဖက်တွင်မူ နယူးကာဆယ်အသင်း၏ လက်ရှိအရောင်းအဝယ်မဖြစ် မြောက်ခဲ့လျှင်လည်း အမေရိကန်မီဒီယာလုပ်ငန်းရှင် ဟင်နရီမောရစ်ဆိုသူက ပေါင် သန်း ၃၅၀ ဖြင့်ဝယ်ယူရန်အသင့်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mirror က ဖော်ထုတ် ရေးသားခဲ့သည်။ ဟင်နရီမောရစ်သည် အမေရိကန်အခြေစိုက် မီဒီယာကုမ္ပဏီ ClearTV ၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌဖြစ်ပြီး  ပြီးခဲ့သည့်နှစ်ကတည်းက နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေနှင့် ဆွေးနွေးခဲ့ ဖွယ်ရှိသည်ဟု ယုံကြည်ရကြောင်း ယင်းသတင်းတွင် ရေးသားခဲ့သည်။

 

ကန့်ကွက်မှုများရှိနေသည့် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ် မန်၏နယူးကာဆယ်အသင်းကို ဝယ်ယူမည့် အစီအစဉ်မဖြစ်မြောက်ခဲ့လျှင်လည်း ပေါင် သန်း ၃၅၀ ဖြင့်ကမ်းလှမ်းမည့်သူ အသင့်ရှိနေ ကြောင်း သိရသည်။

လက်ရှိ ပေါင်သန်း ၃၀၀ ဖြင့်ဝယ်ယူရန် စီစဉ်နေမှုတွင် ဆော်ဒီတော်ဝင်မိသားစုပိုင် (PNI) ကုမ္ပဏီက ရှယ်ယာ ရာခိုင်နှုန်း ၈၀ နှင့် အခြားစီးပွားမိတ်ဖက်များက ရာခိုင်နှုန်း ၂၀ ပိုင်ဆိုင်မည်ဖြစ်သည်။ သို့သော် ဆော်ဒီအိမ်ရှေ့မင်းသား ၏ လူအခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကြောင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(AI) နှင့် ကာတာအခြေစိုက် နာမည်ကြီး ရုပ်သံလိုင်း beIN Sport တို့မှ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ စာရေးသားပေးပို့ပြီး ယင်းအရောင်းအဝယ်ကို တားဆီးရန် စဉ်းစားပေးစေလိုကြောင်း တိုက်တွန်းခဲ့သည်။ ထို့ပြင် AI က ဗြိတိန်၏လူအခွင့်အရေးမှတ်တမ်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ နယူးကာဆယ်အသင်း၏ လက်ရှိအရောင်းအဝယ်မဖြစ် မြောက်ခဲ့လျှင်လည်း အမေရိကန်မီဒီယာလုပ်ငန်းရှင် ဟင်နရီမောရစ်ဆိုသူက ပေါင် သန်း ၃၅၀ ဖြင့်ဝယ်ယူရန်အသင့်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mirror က ဖော်ထုတ် ရေးသားခဲ့သည်။ ဟင်နရီမောရစ်သည် အမေရိကန်အခြေစိုက် မီဒီယာကုမ္ပဏီ ClearTV ၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌဖြစ်ပြီး  ပြီးခဲ့သည့်နှစ်ကတည်းက နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေနှင့် ဆွေးနွေးခဲ့ ဖွယ်ရှိသည်ဟု ယုံကြည်ရကြောင်း ယင်းသတင်းတွင် ရေးသားခဲ့သည်။

 "သူဟာ အလှူအတန်းရက်ရောပြီး ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားတစ်ဦးပါ။ ဒါ့အပြင် နယူးကာဆယ်အသင်းပိုင်ရှင်သစ်ဖြစ်ဖို့ အရူးအမူးဖြစ်နေသူလည်း ဖြစ်ပါတယ်။ ဒါဟာ စစ်မှန်ပြီး ရိုးသားမှုရှိတဲ့ ကမ်းလှမ်းမှုတစ်ခုပါပဲ။ သူဟာ အမေရိကရဲ့ မီဒီယာလောကမှာတော့ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးပါ။ ပြီးတော့ အင်္ဂလိပ် ဘောလုံးကိုလည်း အလွန်စိတ်ဝင်တစားရှိသူလည်း ဖြစ်ပါတယ်" ဟု မောရစ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Daily Mirror သို့ ပြောကြားခဲ့သည်။ 

ဟင်နရီမောရစ်သည် စီး ပွားရေးအကျိုးဆောင် ခရစ္စရွန်နီမှတစ်ဆင့် နယူးကာဆယ်အသင်းကို ဝယ်ယူရန် ချဉ်းကပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ခရစ္စရွန်နီသည် အားကစားဝတ်စုံ ကုမ္ပဏီဟောင်း JJB Sports ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ပေါင်တစ်သန်း လိမ်လည်မှုဖြင့် ၂၀၁၄ ဒီဇင်ဘာလက ထောင်ဒဏ် လေးနှစ် ကျခံခဲ့ရပြီး မိုက်အက်ရှ်လေနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိသူဖြစ်သည်။

 

Most Read

Most Recent