ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်းကို ပါရမီလမ်းတွင် တတိယအကြိမ် ပြုလုပ်

ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်းကို ပါရမီလမ်းတွင် တတိယအကြိမ် ပြုလုပ်
Published 28 April 2020
သီဟအောင်၊ နေဝန်းထက်

ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်းကို ပါရမီလမ်းတွင် ဧပြီ ၂၈ ရက်က တတိယအကြိမ်အဖြစ် ပြုလုပ်ခဲ့သည်။

ဧပြီ ၂၈ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ပါရမီလမ်း၊ ဖိုးရွှေလှ လက်ဖက်ရည်ဆိုင် ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းအထိ ဆက်လက် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“နေ့လည် ၁၂ နာရီလောက်ထိ ပိုးသတ်ဆေး လာဖြန်းခံတဲ့ အငှားယာဉ်တွေ ၃၀၀ နီးပါးလောက်ရှိတယ်။ အိမ်စီးကားတွေ အနေနဲ့လည်းလာပြီး ကားကို ပိုးသတ်လို့ရပါတယ်။ ဒီနေ့ ဧပြီ ၂၈ ရက် မနက် ၉ နာရီကနေ ညနေပိုင်းအထိ လုပ်ဆောင်သွားမှာပါ။ အခုက ဒီမှာလုပ်တာ သုံးကြိမ်မြောက်ပါ။ လှိုင်အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအဖွဲ့၊ ရှားသူလူမှုကူညီ ကယ်ဆယ်ရေးအသင်း၊ လင်းလက်ပရဟိတအဖွဲ့၊ ရန်ကုန်အငှားယာဉ်မောင်းများ သမဂ္ဂနဲ့ အခြားအငှားယာဉ် အဖွဲ့ပေါင်းစုံက ပူးပေါင်းဆောင်ရွက်တာပါ” ဟု သျှားသူ လူမှုကူညီကယ်ဆယ်ရေး အသင်းမှ ဥက္ကဋ္ဌ ကိုသျှားသူက ပြောကြားသည်။

ယခင်ဆေးဖြန်းခဲ့သည့် အချိန်တွင် ဆေးဖြန်းပေးရသည့် အငှားယာဉ်မှာ အစီးရေ ထောင်ကျော်ခဲ့သော်လည်း နောက်ပိုင်းတွင် အငှားယာဉ်ထွက်မှုမှာ နည်းပါးလာခဲ့ကြောင်း သိရသည်။

ပိုးသတ်ဆေးဖြန်းခြင်းအပြင် အရက်ပြန်ဘူးများ ပေးခဲ့ခြင်းများလည်း ပြုလုပ်ခဲ့သည်။

Most Read

Most Recent