ဧပြီ ၂၆ ရက် ညနေပိုင်းက သာစည်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျခဲ့ပြီး လူနေအိမ် ၁၉ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သာစည်မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ လူနေအိမ်(၁၉)လုံး အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ရကာ သစ်ပင်များလဲကျခဲ့သဖြင့် ဖယ်ရှားရှင်းလင်းခဲ့ရကြောင််း မိတ္တီလာခရိုင်၊ မီးသတ်ဦးစီးဌာနနှင့် သာစည်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ထံမှသိရှိရသည်။
“အထွေထွေအုပ်ချုပ်ရေးကတော့ သဘာဝဘေးအန္တရာယ်ကိုတင်ထားတယ်၊ အစ်ကိုတို့အနေနဲ့ မိုးဦးလေဦးကျရင် ထိခိုက်တက်မှန်းသိလို့ ကြိုတင်ကာကွယ်မှု့တွေလုပ်ထားတယ်၊ မိုးဦးလေဦးကျတက်လို့ ဒီမတိုင်ခင်ထဲကဒီအိမ်က အမိုးမိုးဖို့လိုတယ်၊ ပစ္စည်းပေးပြီးလုပ်ထားတာရှိတယ်၊ ပိုက်ဆံပေးတာမဟုတ်ဘူး၊ ပစ္စည်းပေးတာ၊ အဲဒီလို ကြိုတင်ကာကွယ်မှု လုပ်ထားတာလေးရှိတော့ အခုအပျက််အစီးက သိပ်အများကြီးမဖြစ်လိုက်ဘူး၊ နောက်လည်း မိုးလေအတွက် ကြိုတင်ကာကွယ််မှုတွေ ဆက်လုပ်ရမယ်၊ အခုလေတိုက်တာလည်းခရိုင်၊ မြို့နယ်၊တိုင်းဒေသကြီး အကူအညီနဲ့တင် အဆင်ပြေလောက်ပါတယ်”ဟု သာစည်မြို့နယ််၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟမှ ပြောကြားသည်။

“မနေ့က ညေခြောက်နာရီကျော်၊ ခုနှစ်နာရီလောက်ကအနောက်မြောက်လေတိုက်လို့ပါကုန်တာ၊ ကျွန်တော်တို့မင်းလှကျေးရွာမှာအိမ်ခြောက်အိမ်ကအမိုးသွတ်တွေလန်ကုန်တယ််၊ပြိုတာတော့မပြိုဘူး၊သွတ်အချပ်ရေခြောက်ဆယ်လောက်လန်သွားတယ်၊ ကျွန်တော်လည်းထွေအုပ်ရုံးကိုစာရင်းတင်ထားတယ်၊ထွေအုပ််ရုံးမှာလည်း အခြားကျေးရွာတွေကလေတိုက်လို့စာရင်းလာတင်နေကြတာတွေ့တယ်၊လေတိုက်လို့လူထိခိုက်သေဆုံးတာတော့မရှိပါဘူး၊လောလောဆယ်တော့ရွာမှာလက်သမားခေါ်ပြီးပြင်တဲ့လူပြင်နေကြပြီ”ဟုသာစည်မြို့နယ်၊မင်းလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဘိုမှ ပြောကြားသည်။

ဧပြီလ(၂၆)ရက်နေ့ညနေပိုင်းမိုးသက်လေပြင်းတိုက်ခတ်မှု့ကြောင့်သာစည်မြို့နယ်၊ဝမ်းသာကျေးရွာတွင်လူနေအိမ်တစ်လုံး၊အလှည့်ကျေးရွာတွင်လူနေအိမ်ငါးလုံး၊ချမ််းသာကြီးကျေးရွာတွင်လူနေအိမ်လေးလုံး၊မင်းလှကျေးရွာတွင်လူနေအိမ်ခြောက်လုံးနှင့်ကုန်းတောင်းကျေးရွာတွင်လူနေအိမ်သုံးလုံးအမိုးလန်ပျက်ဆီးဆုံးရှုံးခဲ့ရပြီးပျက်ဆီးဆုံးရှုံးမှု့စာရင်းဆက်လက်ကောက်ယူနေကြောင်းသိရှိရသည်။
“ကျွန်တော်တို့ သာစည် မီးသတ် သန္နေ မီးသတ်တပ်ဖွဲ့ဝင်တွေက လွှတွေသုံးပြီးလမ်းပေါ်လဲနေတဲ့ သစ်ပင်တွေရှင်းပေးခဲ့တယ်၊လေတိုက်လို့လဲတ ာအပင်ကြီးတွေလုံးပတ်တင်ခြောက်ပေလောက်ရှိတဲ့ ရှေးအပင်တွေ၊သာစည်မြို့နယ်၊အရန်မီးသတ်တပ်ဖွဲ့တွေလည်းကူရှင်းပေးတယ်”ဟုမိတ္တီလာခရိုင်၊မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းမှပြောကြားသည်။















