မန္တလေးဆေးရုံကြီးတွင် COVID-19 သံသယ စောင့်ကြည်လူနာအဖြစ် ကုသမှုခံယူနေသူများထဲမှ ရောဂါအခံရှိသူ ငါးဦး ထပ်မံသေဆုံး

မန္တလေးဆေးရုံကြီးတွင် COVID-19 သံသယ စောင့်ကြည်လူနာအဖြစ် ကုသမှုခံယူနေသူများထဲမှ ရောဂါအခံရှိသူ ငါးဦး ထပ်မံသေဆုံး
Published 26 April 2020
လဲ့လဲ့အောင်

မန္တလေး အထွေထွေ‌ရောဂါကုဆေးရုံကြီး တွင် COVID-19 သံသယလူနာအဖြစ် ကုသမှုခံယူနေသော လူနာများထဲမှ အသည်း၊ ကျောက်ကပ်၊ တီဘီ၊ သွေးတိုး စသည့် ရောဂါအခံရှိသူ ငါးဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၄ ရက်က ဆေးရုံကြီးတွင် COVID-19 ရောဂါ သံသယလူနာအဖြစ် စောင့်ကြည့်ကုသမှုခံယူနေသော လူနာများထဲမှ ဓာတ်ခွဲစစ်ဆေး အတည်ပြုပြီး ရောဂါပိုးမရှိသည့် လူနာ လေးဦးနှင့် ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ သုံးဦး သေဆုံးခဲ့ပြီး ဧပြီ ၂၅ ရက်တွင် ထပ်မံ၍ ငါးဦး သေဆုံးသည့်အတွက် နှစ်ရက်အတွင်း သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရသည်။

ထပ်မံသေဆုံးမှု ဖြစ်ပေါ်ခဲ့သည့် လူနာ ငါးဦးမှာ ရောဂါအခံရှိသူများဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များမှဖြစ်ကာ ယင်းထဲမှ နှစ်ဦးမှာ ဓာတ်ခွဲအဖြေအရ ပိုးမရှိလူနာများဖြစ်ပြီး  သုံးဦးမှာ အဖြေစောင့်ဆိုင်းဆဲ လူနာဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက မီဒီယာများကို ပြောကြားခဲ့သည်။

လက်ရှိတွင် မန္တလေးဆေးရုံကြီး၌ သံသယလူနာအဖြစ် ကုသမှုခံယူနေသူ ဦး‌ရေ ၉၀ ​​ကျော်ရှိပြီး ဧပြီ ၂၅ ရက်အထိ ဆေးရုံကြီးတွင် သံသယလူနာအဖြစ် သတ်မှတ်ကုသပေးခဲ့သူ ဦးရေ ၃၂၅ ဦးရှိကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

 

Most Read

Most Recent