COVID-19 ပိုးတွေ့လူနာအမှတ်စဉ် ၁၄၄ နှင့် အနီးကပ်ထိတွေ့သူမှာ ကချင်ပြည်နယ်တွင် ခြောက်ဦးရှိနေပြီး ကူညီသူ ၃၄ ဦးနှင့် မိသားစုဝင်များကို Quarantine ထားရှိ

COVID-19 ပိုးတွေ့လူနာအမှတ်စဉ် ၁၄၄ နှင့် အနီးကပ်ထိတွေ့သူမှာ ကချင်ပြည်နယ်တွင် ခြောက်ဦးရှိနေပြီး ကူညီသူ ၃၄ ဦးနှင့် မိသားစုဝင်များကို Quarantine ထားရှိ
Published 26 April 2020
ထွန်းလင်းအောင်

COVID-19 ပိုးတွေ့လူနာအမှတ်စဉ် ၁၄၄ နှင့် အနီးကပ်တွေ့သူမှာ ကချင်ပြည် နယ်တွင်ခြောက်ဦးအထိရှိနေပြီး ကူညီသူ ၃၄ ဦးနှင့်  မိသားစုဝင်များကို  Quarantine ထားရှိကာ ပိုးတွေ့လူနာမှာမူ ကျန်းမာရေး ကောင်းမွန်ကြောင်း မိုးညှင်းခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“မိုးညှင်းမှာ တိုက်ရိုက်ထိတွေ့တာ။ အနီးကပ်ပေါ့။ ခြောက်ယောက်ရှိတယ်။ သူ တို့အခန်းက ခြောက်ယောက်ခန်းကို အိမ်သာ၊ ရေချိုးခန်း ပေါင်းသုံးတာက ၁၄ ဦးရှိတယ်။ ဓာတ်ခွဲနမူနာယူဖို့ ပြင်နေကြပါတယ်။ လူမှု ကူညီရေးအဖွဲ့တွေကတော့ သွယ်ဝိုက်ထိစပ်တယ်လို့ ပြောရမှာပေါ့။ မီးသတ်နဲ့ လူမှုအဖွဲ့အစည်းက လူတွေပါတယ်။ ကျန်းမာရေးဝန်ထမ်းက ငါးဦးပါတယ်။ မိသားစုတွေကတော့ နေအိမ် Quarantine ပေါ့” ဟု Quarantine နေသူများကို ကြီးကြပ်နေသည့် ဒေါက်တာ ဖြူလေးဝေက ပြောကြားသည်။

ဧပြီ ၂၆ ရက် မနက်ပိုင်းတွင် လူနာအမှတ်စဉ် ၁၄၄ ကိုဆက်သွယ်မေးမြန်းချက်အရ ကျန်းမာရေးကောင်းမွန်းနေကြောင်း၊ ဧပြီ ၄ ရက် မနက်အိပ်ရာထစဉ်ကတည်းက ကိုယ်ခန္ဓာလေးနေကြောင်း၊ ဧပြီ ၈ ရက်၊ ၉ ရက်များတွင် ပြင်ပဆေးခန်းသို့ သွားရောက် ပြသခဲ့ကြောင်း၊ အံသွားများနာသည့် အခြေ အနေဖြစ်ခဲ့ကြောင်း၊ အသက်ရှူ၍မဝသည့် အခြေအနေကြုံတွေ့ခဲ့ကြောင်း၊ လူမှာလည်း ထိုင်းမှိုင်းနေကြောင်း၊ အလုပ်သမားဆေး ခန်းတွင်လည်း ပြသခဲ့ရကြောင်း၊ ရန်ကုန်မှ  ဧပြီ ၁၅ ရက်တွင် လူမှုကူညီရေးကားဖြင့် မိုးညှင်းသို့ထွက်ခွာလာကြောင်း၊ ဧပြီ ၁၆ ရက်တွင် မိုးညှင်းမြို့သို့   ရောက်ရောက်ခြင်း Quarantine  ဝင်ခဲ့ကြောင်း၊ မည်သည့်နေရာမှကူးသည်ကို အစရှာမရကြောင်း၊ ရန်ကုန်တွင် အခန်းအတူနေမှလွဲ၍ သီးခြားလုပ် ကိုင်ရသည့်အခြေအနေဖြစ်ကြောင်း၊ ပြည်ပခရီးစဉ် လုံးဝမရှိကြောင်း ယင်း၏ အခြေအနေအပေါ် ရှင်းပြသည်။

“နှစ်လပိုင်းမှာ မြစ်ကြီးနားတက္ကသိုလ်က ဘွဲ့ယူပြီး အိမ်ပြန်တယ်။ ရက် ၂၀ လောက် မှ ရန်ကုန်ဆင်းတာ။ အပြင်မထွက်ဘူး။ စက်ရုံထဲမှာပဲ။ အလုပ်ကကူးတာလို့ ယူဆတယ်။ ရင်းရင်းနှီးနှီးလုပ်တဲ့ ဆရာသမားတွေလည်း နိုင်ငံခြားခရီးစဉ်မရှိဘူးတဲ့။ အနီးကပ်က ရုံးမှာ ထိုင်တဲ့ ငါးယောက်၊ ခြောက်ယောက်ပဲ။ အလုပ်သမားတွေက Group ထဲမှာ ပြော ကြတာ။ စက်ရုံဆေးခန်း သုံးကြိမ်ပြတယ်။အပြင်ဆေးခန်းက ဧပြီ ၈ ရက်၊ ၉ ရက်မှာ သုခစုစံ ဆေးခန်းမှာပြတယ်။ အစာအိမ်နာတော့ အစာအိမ်ဆေးရယ်၊ အားဆေးရယ် ပေးတယ်။ အလုပ်က စကားပြန်ဆိုတော့ လို တာ ရှိရင်ပြောပေးရတယ်။ အခုက ကျန်းမာရေးကောင်းနေတယ်။ တစ်ခါတလေ နှာစေး တာကလွဲရင်ပေါ ့။  မနေ့က ချွဲထလို့ ချွဲဆေး ပေးထားတယ်။ ပါရာစီတမောဆေးက တစ်ကတ်ပေးထားတယ်။ ဖျားမှ သောက်ရမှာလို့ ပြောတယ်” ဟု COVID-19 ပိုးတွေ့လူနာ အမှတ်စဉ် ၁၄၄ ပြောကြားသည်။

 လူနာအမှတ်စဉ် ၁၄၄ မှာ မတ် ၅ ရက် တွင် အလုပ်ဝင်ခဲ့ပြီး အပြင်သို့ ထွက်ခွင့်မရှိ ကြောင်း၊ ယင်း၏လုပ်ဖော်ကိုင်ဖက်များမှာ ရောဂါလက္ခဏာ မရှိကြောင်း၊ လုပ်ငန်းခွင်မှ ကူးစက်သည်ဟုသာ ယူဆမိကြောင်း ပြောကြားသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း၌ နေအိမ် Quarantine ယူနေသူ ၁၇၀ ကျော်၊ Facility Quarantine နေသူ ၃၅၀၀ ကျော် ရှိနေဆဲဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။               

 

 

 

Most Read

Most Recent