ဝမ်းတွင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ် ၇ လုံး ပြိုကျခဲ့ပြီး ၊ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ လူနေအိမ် ၆၂ လုံး နှင့် စာသင်ကျောင်း လေးကျောင်း အမိုးလန် ပျက်စီးခဲ့ကာ လက်ရှိတွင် အကူအညီများ လိုအပ်နေ

ပုံစာ - ဧပြီ ၂၅ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှု့ကြောင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှနေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့စဉ်။(ဓာတ်ပုံ - မိတ္တီလာခရိုင်မီးသတ်တပ်ဖွဲ့)
ပုံစာ - ဧပြီ ၂၅ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှု့ကြောင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှနေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့စဉ်။(ဓာတ်ပုံ - မိတ္တီလာခရိုင်မီးသတ်တပ်ဖွဲ့)
Published 26 April 2020
ဝဏ္ဏ(မိတ္တီလာ)

ဧပြီ ၂၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ကျေးရွာအုပ်စု ငါးအုပ်စုတွင် လေပြင်း တိုက်ခတ်မှုကြောင့် အိမ် ၇ လုံး ပြိုကျခဲ့ပြီး ၊ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ လူနေအိမ် ၆၂ လုံး နှင့် စာသင်ကျောင်း လေးကျောင်း အမိုးလန် ပျက်စီးခဲ့ကာ လက်ရှိတွင် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

“မနေ့ညက လေပြင်းဒဏ်ခံရတာ ကျေးရွာအုပ်စုငါးအုပ်စုရှိတယ်။ လေးမျက်နှာကျေးရွာ၊ တဲစုကျေးရွာ၊ တောင်ဘိုကျေးရွာ အဲ့ဒါတွေက ကျွန်တော််မဲဆန္ဒနယ်ထဲက၊ မဲဆန္ဒနယ်အမှတ်(၁)ဘက်က ညောင်ပင်ကျေးရွာ၊ ခြင်္သေလက်၊ ကင်းကျေးရွာ အဲ့ဒီကျေးရွာတွေမှာ ပျက်ဆီးဆုံးရှုံးမှု ရှိတယ်။ အမိုးလန်တာ အားလုံးပေါင်းလူနေအိမ်(၆၂)အိမ််၊ တောာင်ဘိုကျေးရွာ ဘုန်းကြီးကျောင်း အမိုးလန်ပျက်ဆီးဆုံးရှုံးတာရှိတယ်။ စာသင်ကျောင်းက လေးကျောင်း အမိုးလန်တာ၊ ပြိုကျသွားတာကအိမ်ခုနှစ်လုံး၊ ဓာတ်တိုင််လဲသွားတာက ဓာတ်တိုင်လေးတိုင်၊ နွားတစ်ကောင်သေတယ်၊ အခုချိန်ထိတော့ လူထိခိုက်သေဆုံးတာရှိတယ််လို့ စာရင်းမတက်ဘူး၊ စုစုပေါင်းဆုံးရှုံးမှုက လက်ရှိတက်လာတဲ့စာရင်းအရ ကျပ်(၁၂၇)သိန်းကျော် ပျက်စီး ဆုံးရှုံးတယ်။ အဲဒီဟာကိုလွှတ်တော်ကိုယ််စားလှယ်ဘက်ကတော့ လိုအပ်တာကူညီနိုင်အောင် ဆင့်ကဲ၊ဆင့်ကဲ ထပ်ဆင့်တင်ပြမယ်၊ အုပ်ချုပ်ရေးဘက်ကလည်းသူတို့နည်းလမ်းအတိုင်း တင်ပြထားတယ်ပြောတယ်။ အုပ်ချုပ်ရေးဘက်က လေတိုက်တာနဲ့အစိုးရအဖွဲ့ကိုတင်ပြပြီးသွားပြီ၊ လေတိုက်သွားလို့အမိုးလန်သွားတဲ့ အဲဒီရွာတွေကိုဒီနေ့ရောက်အောင်တော့ သွားကြည့်ရမယ်” ဟုဝမ်းတွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကို်ယ်စားလှယ် ဦးအောင်သူမှ ပြောကြားသည်။

“လေတိုက်လိုက်တာက လေဆင််နှာမောင်းတိုက််လိုက်သလိုပဲ၊ အိမ်တွေကအမိုးတွေလန်ပြီး အဝေးကြီးလွင့်ထွက်သွားတာ၊ နွားကလွင့်သွားတဲ အမိုးထိပြီးသေသွားတယ်၊ ကျွန်တော်တို့ရွာကတော့ အကူအညီလိုတာပေါ့၊ အခုအမိုးလန်သွားလို့နီးစပ်ရာအမျိုးတွေ အိမ်ပေါင်းနေကြရတာရှိတယ်၊ ရွာဆိုတော့တစ်ယောက်တစ်ပြန်ကူညီကြတာနဲ့ လောလောဆယ်မိုးကာမိုးဖို့ စီစဉ်နေကြရတယ်၊ ကျွန််တော်တို့ညောင်ပင်နဲ့ခြင်္သေလက်နှစ်ရွာမှာညောင်ပင်ဘက်ကလေပြင်းပိုတိုက်လို့အပျက်အဆီးပိုများတယ်၊ဟုညောင်ပင်ကျေးရွာနေကိုစံမှပြောပြသည်။

ကျွန်တော်တို့ဝမ်းတွင်းမီးသတ်တပ်ဖွဲ့ဝင်တွေလေပြင်းတိုက်ခတ်တဲ့ကျေးရွာတွေကိုသွားပြီးအမိုးလန်တာတွေ၊သစ်ပင်လဲတာတွေကိုကူရှင်းပေးခဲ့တယ်၊အရန်မီးသတ်တပ်ဖွဲ့ဝင်တွေလည်းပါပါတယ်၊ဟုမိတ္တီလာခရိုင်မီးသတ်ဦးစီးဌာနမှခရိုုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းမှပြောကြားသည်။

ဝမ်းတွင်းမြို့နယ်တွင်မိုးသက်လေပြင်းတိုက်ခတ်မှုများ ဧပြီ နောက်ဆုံးပတ်နှင့်မေလဆန်းတွင် နှစ်စဉ်ဖြစ်ပေါ်လေ့ရှိပြီးယခုနှစ်ဧပြီလ(၂၅)ရက်နေ့တွင်တိုက်ခတ်သောမိုးသက်လေပြင်းကြောင့််လေးမျက်နှာကျေးရွာ၊တဲစုကျေးရွာ၊တောင်ဘိုကျေးရွာ၊ခြင်္သေလက်ကျေးရွာ၊ညောင်ပင်ကျေးရွာ၊ကင်းရွာစသောကျေးရွာများရှိဘုန်းတော်ကြီးကျောင်း၊လူနေအိမ်များ၊စာသင်ကျောင်းများအမိုးလန်ပျက််ဆီးဆုံးရှုံးသွားကာအကူအညီလိုအပ်လျက်ရှိကြောင်းသိရှိရသည်။

ပုံစာ - ဧပြီ ၂၅ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှု့ကြောင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှနေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့စဉ်။(ဓာတ်ပုံ - မိတ္တီလာခရိုင်မီးသတ်တပ်ဖွဲ့)

Most Read

Most Recent