COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားအပေါ် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကို ထပ်မံတိုးမြှင့် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ COVID-19 ကာ ကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း ဖော်ပြထားသည်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက်များကို ဧပြီ ၃၀ ရက်အထိ ပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ မတ် ၁၅ ရက် နေ့စွဲပါ ကြေညာချက်၊ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက် များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရွန် နစ်ဗီဇာ ထုတ်ပေးခြင်းများကို ယာယီရပ်ဆိုင်း မှုတို့နှင့်စပ်လျဉ်း၍ မတ်၂၀ ရက်နေ့စွဲပါ ကြေ ညာချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ သို့ လာရောက်ကြသည့် ခရီးသွားများအပေါ်
ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက် များနှင့်စပ်လျဉ်း၍ ဧပြီ၂၄ ရက် နေ့စွဲပါ ကြေညာချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာ နိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား များအား ဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေးဗီဇာ အပါအဝင် မည်သည့် ပြည်ဝင်ဗီဇာအမျိုးအ စား ကိုမဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍ မတ်၂၈ ရက် နေ့စွဲပါ ကြေညာချက်များ ထုတ် ပြန်ကြေညာခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိ ရသည်။
COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာ ကွယ် စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိ ရောက်သည့်အစီအမံများကို ဆက်လက်ချ မှတ်ဆောင်ရွက်နိုင်ရန် ရှေးရှုလျက် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက် များနှင့်စပ်လျဉ်းသည့် အထက်ဖော်ပြပါ ပြည် ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံ များကို ၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်သွားမည်ဖြစ်သည်ဟုထုတ် ပြန်ချက်က ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသားများ အပါအဝင် မြန်မာနိုင်ငံသို့ လာရောက်ကြ မည့် ခရီးသွားများအားလုံးအနေဖြင့် မြန်မာ နိုင်ငံသို့ ရောက်ရှိသည့်အချိန်မှစ၍ သတ် မှတ်နေရာများတွင် ၂၁ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံယူခြင်း နှင့် မိမိနေအိမ်တွင် ခုနစ်ရက်ကြာ သီးခြားနေ ထိုင်ခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။















