COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ခုနစ်ဦး ထပ်မံတွေ့ရှိပြီး အတည်ပြုလူနာ ၁၃၉ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၄ ရက် နံနက် ၉ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၏ (၂၃-၄-၂၀၂၀) ရက်နေ့၊ ညတွင် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၆၄) ခုအနက် (၇) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ)ရပြီး ကျန် (၅၇) ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ လူနာသစ် ခုနစ်ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးသွားမည် ဖြစ်ကြောင်းနှင့် ဓာတ်ခွဲအတည်ပြုလူနာများ၏ သတင်းအပြည့်အစုံကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။















