COVID-19 ဖြစ်ပွားနေစဉ် ကာလအတွင်း ဆေးနှင့်ဆေးပစ္စည်း၊ စက်ကိရိယာပစ္စည်းများ ဝယ်ယူရာ၌ မြန်ဆန်စေရန် သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို အထူးအခြေအနေ တစ်ရပ်အဖြစ် ဖြေလျှော့ပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ဖြစ်ပွားနေစဉ် ကာလအတွင်း ဆေးနှင့်ဆေးပစ္စည်း၊ စက်ကိရိယာပစ္စည်းများ ဝယ်ယူရာ၌ မြန်ဆန်စေရန် သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို အထူးအခြေအနေ တစ်ရပ်အဖြစ် ဖြေလျှော့ပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်နေသူများအား ပြည်ထောင်စုဝန်ကြီးက အသိအမှတ်ပြု အားပေးစကား ပြောကြားစဉ်
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်နေသူများအား ပြည်ထောင်စုဝန်ကြီးက အသိအမှတ်ပြု အားပေးစကား ပြောကြားစဉ်
Published 23 April 2020
အိသဥ္ဇာကျော်

COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဆေးနှင့်ဆေးပစ္စည်း၊ စက်ကိရိယာပစ္စည်းများ ဝယ်ယူရာ၌ မြန်ဆန်စေရန် သတ်မှတ်စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို အထူးအခြေအနေ တစ်ရပ်အဖြစ် ဖြေလျှော့ပေးထားကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်နေသူများအား အသိအမှတ်ပြု အားပေးစကား ပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေစဉ်ကာလတွင် ကိုယ်တိုင်ရောဂါ ကူးစက်ခံရနိုင်ချေများ ရှိသော်လည်း အများပြည်သူ ရုံးပိတ်ရက်များပါမကျန် ၂၄ နာရီပတ်လုံး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေသည့် ဝန်ထမ်းများ အားလုံးကို အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံးမှ နိုင်ငံတစ်ဝန်းလုံးရှိ ကျန်းမာရေး ဝန်ထမ်းများသည် အရင်းအမြစ်များ အကန့်အသတ် ရှိနေသည့်ကြားမှ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပြည်သူများအတွက် အကျိုးပြုလိုစိတ်၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများ၏ ကျင့်ဝတ်များနှင့်အညီ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများအတွက် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ကိရိယာများ၊ ရောဂါကာကွယ်ရေး ဝတ်စုံနှင့် အသုံးအဆောင်များကို ရရှိနိုင်ရေးအတွက် ကြိုးပမ်းဝယ်ယူမှု၊ တိုင်းဒေသကြီး ပြည်နယ်များ၊ ဆေးရုံများသို့ ပို့ဆောင်ဖြန့်ဖြူးမှုများ လုပ်ဆောင်နေသူ များအားလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံးမှ နိုင်ငံတစ်ဝန်းလုံးရှိ ကျန်းမာရေး ဝန်ထမ်းများသည် အရင်းအမြစ်များ အကန့်အသတ် ရှိနေသည့်ကြားမှ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပြည်သူများအတွက် အကျိုးပြုလိုစိတ် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၏ ကျင့်ဝတ်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ၊ စက်ကိရိယာများ၊ ရောဂါကာကွယ်ရေး ဝတ်စုံနှင့် အသုံးအဆောင်များကို ရရှိနိုင်ရေးအတွက် ကြိုးပမ်းဝယ်ယူမှု၊ တိုင်းဒေသကြီး ပြည်နယ်များ၊ ဆေးရုံများသို့ ပို့ဆောင်ဖြန့်ဖြူးမှုများ လုပ်ဆောင်နေသူများအားလည်း ကျေးဇူးတင်ရှိကြောင်းနှင့် နိုင်ငံတော်မှလည်း ဆေးနှင့် ဆေးပစ္စည်း၊ စက်ကိရိယာ ပစ္စည်းများ ဝယ်ယူရရှိရေး မြန်ဆန်စေရန်အတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို အထူးအခြေအနေ တစ်ရပ်အဖြစ် ဖြေလျှော့ပေးခဲ့ကြောင်းလည်း ပြောကြားသည်။

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း N95 Faceb Mask အပါအဝင် ဆေးပစ္စည်း ခြောက်မျိုးကို တင်သွင်း ခွင့် လျှောက်ထားရန် ယာယီဖြေလျှော့ ပေးထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။         

ယခင်သတ်မှတ်ထားသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် ဆေးပစ္စည်း တင်သွင်းခွင့် လျှောက်ထားရန် မလိုအပ်သော ဆေးပစ္စည်းများအပြင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း N95 Face Mask၊ Thermal Scanner၊ Thermometer (Digital Thermometer and Non-Contact Infrared Thermometer)၊ Examination Gloves၊ Biosafety Cabinet၊ Autoclave တို့ကို တင်သွင်းခွင့် လျှောက်ထားရန် ယာယီမလိုအပ်သော ဆေးပစ္စည်းများအဖြစ် ထပ်မံဖြေလျှော့ ပေးထားကြောင်း သိရသည်။

 

Most Read

Most Recent