ကမ္ဘာ့ရေနံစျေး တစ်စည် ၂၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ကျပ် ၃၀ အထိဆက်လက်ကျဆင်း

ကမ္ဘာ့ရေနံစျေး တစ်စည် ၂၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ကျပ် ၃၀ အထိဆက်လက်ကျဆင်း
မြို့နယ်တစ်ခုအတွင်းရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
မြို့နယ်တစ်ခုအတွင်းရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 5 April 2020

ကမ္ဘာ့ရေနံစျေးသည် ဧပြီ ၃ ရက်တွင် တစ်စည် ၂၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ကျပ် ၃၀ အထိ ဆက်လက်ကျဆင်းခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၈ ရက်နှင့် ဧပြီ ၃ ရက် စက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ပါက ဒီဇယ်ဆီ တစ်လီတာ ကျပ် ၂၀၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာ ကျပ် ၂၀၊ 92 Ron တစ်လီတာ ကျပ် ၃၀၊ 95 Ron တစ်လီတာ ကျပ် ၂၀ ဆက်လက်ကျဆင်းခဲ့သည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ကမ္ဘာ့ရေနံစျေးကျဆင်းမှုနှင့်အတူ ဒေါ်လာစျေးလည်း ကျဆင်းလာသောကြောင့် ဇန်နဝါရီ  ဒုတိယပတ်မှစ၍ ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ လေးလနီးပါး  (ဇန်နဝါရီ ၈ ရက်မှ ဧပြီ ၃ ရက်အထိ) အတွင်း တစ်လီတာ ၄၁၅ ကျပ်မှ ၄၇၅ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့သည်။

ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊ မတ် ၇ ရက်တွင် ၄၁ ဒေါ်လာ၊ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

မတ် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ကျပ် ၅၃၀ (တစ်ဂါလန် ၂၄၀၉ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၄ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၄၀၀ (တစ်ဂါလန် ၁၈၁၈ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၅၆၀ (တစ်ဂါလန် ၂၅၄၅ ကျပ်) ဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်လီတာ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဒီဇယ် ၄၅၅ ကျပ် (၄၆ ဒသမ ၁၉ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် ၄၅၅ ကျပ် (၄၅ ဒသမ ၇၂ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron ၅၀၅ ကျပ် (၅၅ ဒသမ ၈၀ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron ၄၃၅ ကျပ် (၄၃ ဒသမ ၇၁ ရာခိုင်နှုန်း) အထိ ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံ စျေးနှုန်းအပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်မှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန် (၂၁ ရက်အထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ် ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅  ရက်အတွင်း တစ်လီတာ ကျပ် ၇၀ အထိ ပြန်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။

အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း တစ်လီတာ ၁၀ ကျပ် မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ် အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ဇန်နဝါ ရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မတ် ၂၈ ရက်အတွင်း တစ်လီတာ ၄၁၅ ကျပ်မှ ၄၇၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။

Most Read

Most Recent