ပြည်တွင်း၌ COVID-19 ရောဂါပျံ့နှံ့မှုအခြေအနေ ဆိုးရွားလာမည်ဆိုပါက စီးပွားရေးကျပ်တည်းမှုသည်လည်း ပိုမိုဆိုးရွားလာနိုင်ပြီး ကုစားရန်အချိန်လည်း ယူရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ၌ ဖော်ပြ

ပြည်တွင်း၌ COVID-19 ရောဂါပျံ့နှံ့မှုအခြေအနေ ဆိုးရွားလာမည်ဆိုပါက စီးပွားရေးကျပ်တည်းမှုသည်လည်း ပိုမိုဆိုးရွားလာနိုင်ပြီး ကုစားရန်အချိန်လည်း ယူရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ၌ ဖော်ပြ
လှိုင်သာယာစက်မှုဇုန် (၂) ရှိ လက်ဝါးအထည်ချုပ်စက်ရုံ (၃) ပိတ်သိမ်းသဖြင့် အလုပ်သမားများ၏ နစ်နာကြေးပေးနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ရှိုင်းလင်းအောင်)
လှိုင်သာယာစက်မှုဇုန် (၂) ရှိ လက်ဝါးအထည်ချုပ်စက်ရုံ (၃) ပိတ်သိမ်းသဖြင့် အလုပ်သမားများ၏ နစ်နာကြေးပေးနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ရှိုင်းလင်းအောင်)
Published 31 March 2020
ဇေယျာငြိမ်း

ပြည်တွင်း၌ COVID-19 ရောဂါပျံ့နှံ့ မှုအခြေအနေ ဆိုးရွားလာမည်ဆိုပါက စီးပွားရေးကျပ်တည်းမှုသည်လည်း ပိုမိုဆိုးရွာလာနိုင်ပြီး ကုစားရန်အချိန်လည်း ယူရမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ဒေသဆိုင်ရာ စီးပွားရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင်အရှေ့အာရှနှင့် ပစိတ်ဖိတ်နိုင်ငံများအနေဖြင့် COVID-19 ကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးအကျပ်အတည်းများမှ သက်သာရာရရန် ယခုပင် စတင်ဆောင်ရွက်မည်ဟု ကမ္ဘာ့ဘဏ်၏ ဒေသဆိုင်ရာ စီးပွားရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။

COVID-19 ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ်တွင်လည်း ပြင်းထန်သော သက်ရောက်မှုများ ရှိလာနိုင်သော်လည်း ကပ်ရောဂါမတိုင်ခင်က စီးပွားရေးနှုန်း ကောင်းမွန်ခဲ့သည့်အတွက် အနည်းငယ်ခံသာမည်ဟု ခန့်မှန်းထားသည်။

ကျန်းမာရေးဆိုင်ရာ မူဝါဒများနှင့် စီးပွားရေးဆိုင်ရာ မူဝါဒများကို အချိုးညီစွာ သတ်မှတ်နိုင်ပါက မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ သွက်လာနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် ပြည်တွင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေသည် ဆိုးရွားလာမည်ဆိုပါက စီးပွားရေးကျပ်တည်းမှုသည်လည်း ပိုမိုဆိုးရွားနိုင်ပြီး ကုစားရန်အချိန်လည်း ယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ ဒေသတွင်းနိုင်ငံများရော အခြားဒေသမှာရှိတဲ့နိုင်ငံတွေပါ လက်တွဲပြီး ဒီရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့လိုပါတယ်။ ကုန်သွယ်မှု လုပ်ငန်းများကို မပိတ်ဖို့နှင့် မက်ခရိုစီးပွားရေးမူဝါဒကို ပူးပေါင်းညှိနှိုင်းကြရပါမယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ ဦးဆောင်ဘောဂပညာရှင် Aaditya Mattoo က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် နယ်စပ်ကုန်သွယ်လုပ်ငန်းအသစ်များကို PPP စနစ်ဖြင့် ထုတ်လုပ်မှုအားကောင်းလာစေရန် ယခုထက်ပိုမိုသွက်လက်စွာ လုပ်ဆောင်ကြရန်၊ ကပ်ရောဂါကာလတွင် အဓိကအရေးကြီးသော ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာများကို ပြတ်လပ်မသွားအောင် ပံ့ပိုးပေးရန်၊ ကပ်ရောဂါ ကျော်လွန်သောအချိန်တွင်လည်း ငွေရေးကြေးရေး တည်ငြိမ်စွာရှိနေစေရန် ဖြစ်သည်။ သို့မှသာ နိုင်ငံအားလုံးအတွက် လိုအပ်သောဆေးဝါးနှင့် ပစ္စည်းများကို အဆင်ပြေစွာရရှိနိုင်မည်ဖြစ်ပြီး ကုန်သွယ်ဝင်ငွေမှတဆင့် အဆိုပါဒေသများ၏ စီးပွားရေးကဏ္ဍကုစားမှုကိုလည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

“ ဒေသတွင်းနိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများတွင် အကျပ်အတည်းနှင့် အခက်အခဲများ ကြုံတွေ့နေရတဲ့အပြင် တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားတဲ့ COVID-19 ၏ နောက်ဆက်တွဲ အခြေအနေများကြောင့် တစ်ကမ္ဘာလုံးအတွက် ကြီးမားတဲ့အကျပ်အတည်းတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ အားရစရာကတော့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသသည် စီးပွားရေးကျဆင်းမှုကို ကုစားပေးနိုင်တဲ့ အင်အားတွေ ရှိနေဆဲပါ။ ဒါပေမဲ့ အဲဒီအင်းအားတွေကို အရင်ကလုပ်ခဲ့ကြတဲ့ သမားရိုးကျနည်းလမ်းများ မဟုတ်ဘဲ ပမာဏကြီးကြီးကို အလျင်မြန်ဆုံးနဲ့ အသွက်လက်ဆုံး အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ ဒုတိယဥက္ကဋ္ဌ မစ် (စ်) ဗစ်တိုးရီးယားကွာကွာက ပြောကြားသည်။

ကမ္ဘာ့ဘဏ်အုပ်စုသည် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများ COVID-19 ကို တုံ့ပြန်သည့် နည်းလမ်းများ အားကောင်းလာစေရန်နှင့် တိုင်းပြည်၏ နဂိုမူလအခြေအနေသို့ အချိန်တိုစွာဖြင့် ပြန်လည်ရောက်ရှိလာစေရန် အတွက် fast-tack package အဖြင့် ဒေါ်လာ ၁၄ ဘီလျံကို ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။

နိုင်ငံများ အချိန်တိုအတွင်း ချက်ချင်းတုံ့ပြန်နိုင်ရန် ငွေကြေး၊ မူဝါဒ၊ အကြံပြုချက်များနှင့် နည်းပညာအကူအညီများ ပံ့ပိုးမှုကို အထူးသဖြင့် COVID-19 ကြောင့် ကျန်းမာရေးနှင့် စီးပွားရေးအပေါ် ဖြစ်လာသော သက်ရောက်မှုများကို အထောက်အကူ ဖြစ်စေရန်ဖြစ်သည်။

Most Read

Most Recent