ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ရပ်ကွက်အတွင်း အုန်းလက်မဏ္ဍပ်ဖြင့်ရေကစားမည့်သူများ မြို့နယ်စည်ပင်သို့ အကြောင်းကြားရမည်

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ရပ်ကွက်အတွင်း အုန်းလက်မဏ္ဍပ်ဖြင့်ရေကစားမည့်သူများ မြို့နယ်စည်ပင်သို့ အကြောင်းကြားရမည်
ရပ်ကွက်အတွင်း ရေကစားနေသည်ကို ၂၀၁၉ ခုနှစ်သင်္ကြန်ကာလက တွေ့ရစဉ်
ရပ်ကွက်အတွင်း ရေကစားနေသည်ကို ၂၀၁၉ ခုနှစ်သင်္ကြန်ကာလက တွေ့ရစဉ်
Published 19 March 2020
ဆန်းထူးအောင်

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ရပ်ကွက်အတွင်း အုန်းလက်မဏ္ဍပ်ဖြင့် ရေကစားမည့်သူများ မြို့နယ်စည်ပင်သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။

“အုန်းလက်မဏ္ဍပ်လုပ်မယ်ဆိုရင် မြို့နယ်စည်ပင်ရုံးတွေကို အကြောင်းကြားထားရမှာ၊ အသိပေးထားတော့ ကောင်းတာပေါ့၊ တစ်ခုခုဖြစ်လာရင် လူများလာရင် အသိ မပေးရဘူးလားဖြစ်မှာစိုးလို့၊ အဲဒါကြောင့် အသိပေးခိုင်းတာ၊ မဏ္ဍပ်အကြီးကြီးတွေသာ မြို့တော်စည်ပင်မှာ တင်ရတာဖြစ်တယ်။ ဒီ နှစ်ကတော့ စည်ပင်က ဘာမှမလုပ်တော့ဘူး၊ မဏ္ဍပ်ကြီးတွေဘာတွေကိုလည်း ခွင့် မပေးတော့ဘူး” ဟု ဒုတိယမြို့တော်ဝန် ဦးစိုး လွင်က ပြောကြားသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ပြု လုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဖေဖော် ၀ါရီ ၂၄ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းမ ၃ တွင် ပထမအကြိမ်ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ရန် ကုန်သင်္ကြန်စည်ကားစွာကျင်းပရန် မဏ္ဍပ်များချပေးမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း COVID-19 ကြောင့် အဆိုပါဆုံးဖြတ်ချက်အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်သင်္ကြန်တွင် ပြည်လမ်းမ အပါအဝင် အခြားလမ်းမကြီးများ၌ သင်္ကြန် မဏ္ဍပ်အကြီး၊ မဏ္ဍပ်အလတ်နှင့် လမ်း လျှောက်သင်္ကြန်ငါးခု၊ စုစုပေါင်း ၃၅ ခုကို ခွင့်ပြုပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်၊ ဦးဥတ္တမပန်းခြံ (ကန်တော်မင်ပန်းခြံ)၊ မြ ကျွန်းသာပန်းခြံနှင့် အင်းလျားလမ်းတို့တွင် ကျင်းပပြုလုပ်ခွင့်ပေးခဲ့ကြောင်း သိရသည်

၂၀၁၉ ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များ ပြုလုပ်ခဲ့သော် ရခိုင်ရိုးရာ သင်္ကြန်အား လုံခြုံရေးအခြေ အနေကြောင့် ပြူလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ရန်ကုန်သင်္ကြန်ကာလတွင် ရပ်ကွက်အတွင်းရေကစားနေသူများကို တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

မတ် ၁၃ ရက်တွင် နိုင်ငံတော်သမ္မတရုံး က COVID-19 နှင့်ပတ်သက်ပြီး သတင်း ထုတ်ပြန်ချက်တွင် သင်္ကြန်ကဲ့သို့ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားပွဲလမ်း သဘင်များကို ဧပြီလကုန်အထိ ရပ်ဆိုင်းထား ရန်နှင့် လိုအပ်ပါက ရပ်ဆိုင်းကာလ ထပ်မံ တိုးမြှင့်သွားမည်ဟု ဖော်ပြထားပြီး ပြည်သူ လူထုအနေဖြင့် မမှန်သတင်းများကို မယုံ ကြည်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက် များကို တိတိကျကျလိုက်နာရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် COvID-19 ကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီကိုလည်း မတ် ၁၃ ရက်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

COVID-19 ကာကွယ် ထိန်းချုပ်၊ ကုသ ရေး အမျိုးသားအဆင့် ဗဟိုကော်မတီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုအစိုရအဖွဲ့ရုံးဝန်ကြီးဌာန အ ပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ ပါဝင်ဖွဲ့စည်း ထားကြောင်း သိရသည်။   

 

 

 

Most Read

Most Recent