ဖွဲ့စည်းပုံပြင်ဆင်ရေး သတ္တမနေ့တွင် NLD နှင့် တပ်မတော် နှစ်ဖက်လုံးက ပြင်ဆင်ထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ခန့်အပ်ခြင်းနှင့်သက်ဆိုင်သည် ပုဒ်မတစ်ခုသာပြင်ဆင်နိုင်ပြီး ကျန်ပုဒ်မ ၁၈ ခု ပြင်ဆင်နိုင်ခြင်းမရှိ

ဖွဲ့စည်းပုံပြင်ဆင်ရေး သတ္တမနေ့တွင် NLD နှင့် တပ်မတော် နှစ်ဖက်လုံးက ပြင်ဆင်ထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ခန့်အပ်ခြင်းနှင့်သက်ဆိုင်သည် ပုဒ်မတစ်ခုသာပြင်ဆင်နိုင်ပြီး ကျန်ပုဒ်မ ၁၈ ခု ပြင်ဆင်နိုင်ခြင်းမရှိ
Published 18 March 2020
ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှု သတ္တမနေ့အဖြစ် ယနေ့ (မတ် ၁၈ ရက်) တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ ပုဒ်မ ၄၃၆ (ခ) နှင့် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၉ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၃) ကို မဲခွဲဆုံးဖြတ်ခဲ့သည်။

ထိုသို့မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၁၉ ခုအနက် NLD ပါတီနှင့် တပ်မတော် နှစ်ဖက်လုံးက ပြင်ဆင်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ရွေးချယ်မှုနှင့်သက်ဆိုင်သည့် ပုဒ်မတစ်ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်၍ ပြင်ဆင်နိုင်ပြီး ယင်းသို့ပြင်ဆင်နိုင်ခဲ့သည့်ပုဒ်မမှာ အရေးကြီးအကြောင်းအရာမဟုတ်ဘဲ ကျန်ပုဒ်မ ၁၈ ခုမှာလည်း ပြင်ဆင်နိုင်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ထောက်ခံမဲ ၅၉၁ မဲဖြင့် ၇၅ ရာခိုင်နှုန်းကျော်၍ ပြင်ဆင်နိုင်ခဲ့သည့် ပုဒ်မမှာ ပုဒ်မ ၂၆၂(က)(၁) ဖြစ်ပြီး အကြောင်းအရာမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးရွေးချယ်ရာတွင် လွှွတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ဆိုသည့် စကားရပ်ကိုဖြုတ်၍ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ရွေးချယ်ရမည်ဆိုသော ပြင်ဆင်ချက်ဖြစ်ကာ အဆိုပါပြင်ဆင်ချက်မှာ NLD ပါတီနှင့် တပ်မတော်က နှစ်ဖက်စလုံးမှ တင်သွင်းထားခြင်းဖြစ်သည်။

ယနေ့ မဲခွဲဆုံးဖြတ်ခဲ့သည့်ပုဒ်မများမှာ NLD ပါတီ၊ တပ်မတော်နှှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ပြင်ဆင်ချက်များဖြစ်ပြီး ပုဒ်မများမှာ ပုဒ်မ ၂၆၁(ဂ)၊ ပုဒ်မ ၂၆၁(ဃ)၊ ပုဒ်မ ၂၆၁(င)၊ ပုဒ်မ ၂၆၂(က)(၁)၊ ပုဒ်မ ၂၆၂(က)(၃)၊ ပုဒ်မ၂၆၂(င)၊ ပုဒ်မ ၂၆၂(စ)၊ ပုဒ်မ ၂၆၂(ည)၊ ပုဒ်မ ၂၆၂(ဋ)၊ ပုဒ်မ ၂၆၂(ဌ)(၂)၊ ပုဒ်မ ၂၆၂ (ဎ)(၂)၊ ပုဒ်မ ၂၆၄(က)၊ ပုဒ်မ ၂၆၄(ခ)(၁)၊ ပုဒ်မ ၂၆၄(ခ)(၂)၊ ပုဒ်မ ၂၆၄(ဂ)၊ ပုဒ်မ ၂၈၅ (က)(၄)၊ ပုဒ်မ ၂၈၅(စ)၊ ပုဒ်မ ၂၈၅(ဆ)၊ ပုဒ်မ ၂၈၅(က)(၃)(ခခ) တို့ ဖြစ်သည်။

အဆိုပါပုဒ်မများ၏ အဓိက အကြောင်းအရာများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးရာတွင် တိုင်းဒေသကြိီးနှင့် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် လွှွတ်တော်ကိုယ်စားလှယ်အစား လွှတ်‌တော်က ဆန္ဒမဲဖြင့် ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်ဟု ပြင်ဆင်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ခန့်အပ်ခြင်းနှင့်သက်ဆိုင်သော ပြင်ဆင်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများသည် ဝန်ကြီးချူပ်အား တာဝန်ခံရမည့်ပြင်ဆင်ချက်၊ လုံ/နယ်ဝန်ကြီးများသည် ခန့်အပ်တာဝန်ပေးသည့်နေ့မှစ၍ တပ်မတော်မှအငြိမ်းစားယူရန် ပြင်ဆင်ချက်၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ သက်တမ်းမကုန်မီ နုတ်ထွက်လိုပါက တင်ပြရမည့်ပြင်ဆင်ချက်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ကောင်စီဝင်နှင့်သက်ဆိုင်သော ပြင်ဆင်ချက်တို့ဖြစ်သည်။

Most Read

Most Recent