သွင်းကုန်အပါအဝင် စျေးကွက်အတွင်း ဒေါ်လာဝယ်လိုအား ကျဆင်းနေ၍ နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၈၅ ကျပ် ဝန်းကျင်အထိ ဆက်လက်ကျဆင်းကာ သုံးလအတွင်း ဒေါ်လာစျေး ခြောက်ရာခိုင်နှုန်းကျော် ကျဆင်း

သွင်းကုန်အပါအဝင် စျေးကွက်အတွင်း ဒေါ်လာဝယ်လိုအား ကျဆင်းနေ၍ နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၈၅ ကျပ် ဝန်းကျင်အထိ ဆက်လက်ကျဆင်းကာ သုံးလအတွင်း ဒေါ်လာစျေး ခြောက်ရာခိုင်နှုန်းကျော် ကျဆင်း
Published 6 March 2020
စည်သူအောင်



သွင်းကုန်အပါအဝင် စျေးကွက်အတွင်း ဒေါ်လာဝယ်လိုအား ကျဆင်းနေ၍ ပြည်တွင်းစျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၈၅ ကျပ် ဝန်းကျင်အထိ ဆက်လက်ကျဆင်းခဲ့ကာ သုံးလအတွင်း ဒေါ်လာစျေး ခြောက်ရာခိုင်နှုန်းကျော် တန်ဖိုးကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ဒေါ်လာစျေး ကျပ် ၁၅၀၀ အောက် ကျဆင်းခဲ့ပြီး ယခုမတ်လဆန်းတွင် ကျပ် ၁၄၀၀ အောက်သို့ ဆက်လက်ကျဆင်းခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် ဇူလိုင်လဆန်းနောက်ပိုင်း အနိမ့်ဆုံးစျေး ဖြစ်ခဲ့သည်။ လအလိုက် နှိုင်းယှဉ်ပါက ဒေါ်လာစျေးသည် သုံးလအတွင်း ခြောက်ရာခိုင်နှုန်းကျော်၊ ခြောက်လအတွင်း ကိုးရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းများမှာ စက်တင်ဘာတွင် ၉၉ ဒသမ ၂၈ ပွိုင့်၊ အောက်တိုဘာတွင် ၉၉ ဒသမ ၂၉ ပွိုင့်၊ နိုဝင်ဘာတွင် ၉၈ ဒသမ ၄၃ ပွိုင့်၊ ဒီဇင်ဘာတွင် ၉၈ ဒသမ ၂၉ ပွိုင့်၊ ဇန်နဝါရီတွင် ၉၈ ဒသမ ၀၀၇ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၉ ဒသမ ၈၁၂ ပွိုင့် ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန် ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံး စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့ သည်။ မတ် ၁၈ ရက်တွင် ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန် ၁ ရက်တွင် ၁၅၂၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှစတင်ဘာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အောက် ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြား ငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၉ ခုနှစ် မတ်တွင် ၁၅၀၈-၁၅၂၇ ကျပ်၊ ဇွန်တွင် ၁၅၁၇-၁၅၂၉ ကျပ်၊ ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀-၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇ -၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈- ၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်၊ ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၄၃၆-၁၄၆၅ ကျပ်တို့ ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၅၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၀၅ ကျပ်၊ မလေးရှားရင်းဂစ် ၃၃၅ ကျပ်၊ ထိုင်းဘတ် ၄၄ ဒသမ ၆ ကျပ်၊ တရုတ်ယွမ် ၂၀၃ ကျပ်ဖြစ်သည်။    

 

 

Most Read

Most Recent