မြောက်ဦးမြို့နယ်တွင် တပ်မတော်ယာဉ်တန်းအား AA အဖွဲ့က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မသင်္ကာဖွယ် အမျိုးသား ၁၄ ဦးကို ဖမ်းဆီး

မြောက်ဦးမြို့နယ်တွင် တပ်မတော်ယာဉ်တန်းအား AA အဖွဲ့က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မသင်္ကာဖွယ် အမျိုးသား ၁၄ ဦးကို ဖမ်းဆီး
Published 4 March 2020
ကြည်နိုင်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တပ်မတော်ယာဉ်တန်းအား AA  အဖွဲ့က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မသင်္ကာဖွယ် အမျိုးသား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း  တပ်မတော်က မတ် ၃ ရက်တွင်  သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန်သွားလာသည့် တပ်မတော်ယာဉ်တန်းအား AA  အဖွဲ့က  ဖေဖော်ဝါရီ ၂၉ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့ တွင် မြောင်းဘွေကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့အရောက်၌ နေရာ သုံးနေရာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပတ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီး လုပ်ငန်းယာဉ် နှစ်စီး မိုင်းစထိမှန်ပျက် စီးခဲ့ကာ AA  အဖွဲ့ထံမှ အလောင်းနှစ်လောင်း၊ ဖြစ်စဉ်နေရာတစ်ဝိုက်မှ မသင်္ကာဖွယ် ထွန်း ထွန်းဝင်း(ဘ)ဦးစိန်းထွန်းအောင် အပါအဝင် အမျိုးသား ၁၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးထားသူများအား ကနဦး စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ထဲမှ အချို့ သည် မင်းပြား-မြောက်ဦး- ကျောက်တော် ကားလမ်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများ၊ မော်တော်ယာဉ်များ သွားလာလှုပ်ရှားမှုအား စောင့်ကြည့်၍ AA  အဖွဲ့ထံသို့ သတင်းပေးပို့နေသူများဖြစ်ကြောင်းနှင့် တပ်မတော် ယာဉ် တန်းများ၊ စစ်ကြောင်းများအား မိုင်းခွဲတိုက် ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ် ခြင်းများတွင် ပါဝင်ပတ်သက်သူများဖြစ်ကြောင်း သတင်း ထုတ်ပြန်မှုတွင် ပါရှိသည်။

ယင်းဖမ်းဆီးရမိသူများအား လိုအပ် သည့်စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်ရေးနှင့် တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မြောက်ဦးမြို့မရဲစခန်းသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

Most Read

Most Recent