ဂေါပကများအနေဖြင့် ဘုရားစေတီများ၏ သန္တကပစ္စည်းများကို ဥပဒေနှင့်အညီ စီမံ ခန့်ခွဲ၍ လိုက်နာဆောင်ရွက်ကြရန်နှင့် ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ ကို ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေကပေးသော ပြစ်ဒဏ်စီရင်ခြင်းခံရမည်ဟု အသိပေး အကြောင်းကြားထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံ လျှောက်ထားစဉ် ထည့်သွင်းလျှောက်ထားသည်။
အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီစတုတ္ထအစည်းအဝေးကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ၀ိဇယမင်္ဂလာ ဓမ္မသဘင်၌ ဖေဖော် ၀ါရီ ၂၉ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံ လျှောက်ထားရာတွင် တိုင်း ဒေသကြီး/ပြည်နယ်အသီးသီးတို့ရှိ ဘုရားစေတီ ဂေါပကအဖွဲ့တို့သည် ဘုရားဖူးလာ ပြည်သူများ ကြည်ညိုသဒ္ဓါတိုးပွားစေရေး စေတနာမှန်ကန်စွာထားရှိ ဆောင်ရွက်ရန် စေတီတော်သြဝါဒါ ဆရာတော်ကြီးများ၏ သြဝါဒနှင့် စီမံတို့ကို အလေးထားဂရုပြု ဆောင်ရွက်ကြရန် ဘုရားစေတီများ၏ သန္တက ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲ၍ စည်းမျဉ်း ဥပကဒေ လုပ်ထုံးလုပ် လိုက်နာဆောင်ရွက်လိုအပ်ပါကြောင်း လျှောက်ထားသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ‘၁၉၆၃ ခုနှစ် အများနှင့်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ၂၊ ပုဒ်မ (ဃ)တွင် အများနှင့်သက်ဆိုင်သော ပစ္စည်းကို အ သင်းများမှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံတင် အသင်းတစ်ခုခု၊ မြန်မာကုမ္ပဏီများအက် ၂၆ အရ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော အသင်းတစ်ခုခု ပြည်သူတို့ဆိုင်ရာ ယုံမှတ် အပ်နှံမှုအဖွဲ့တစ်ခု သို့တည်းမဟုတ် အခြား အဖွဲ့အစည်းတခုခု ပိုင်ဆိုင် သို့တည်းမဟုတ် အသုံးပြုရန် လွှဲပြောင်းပေးအပ်သည့်ငွေ၊ သို လှောင်ပစ္စည်းအသုံးအဆောင် သို့တည်းအခြားတစ်ရပ်ရပ်ကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း လျှောက်ထားသည်။
၁၉၈၁ ခုနှစ် ဇွန် ၃၀ ရက်တွင် ဘုရား စေတီ ၃၇ ဆူ၊ ၁၉၉၂ ခု ဖေဖော်ဝါရီ ၂၅ ရက် တွင် ဘုရားစေတီ ၁၃၂ ဆူ၊ ၂၀၁၈ ဧပြီ ၂၆ ရက်တွင် ဘုရားစေတီ ၅၇ ဆူ စုစုပေါင်း ဘုရားစေတီများအနက် ၂၂၆ ဆူတို့၏ ဂေါပကအဖွဲ့များကို အထက်ပါ ဥပဒေပုဒ်မ ၂ ၊(ဃ)(၄) အရအခြားအဖွဲ့အစည်းတစ်ခုခု တွင်ပါဝင်ကြောင်း ပြည်ထဲရေးနှင့် သာသာနာ ရေးဝန်ကြီးဌာနတို့က အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပေးခဲ့ကြောင်း ပြည်ထောင်စုဝန် ကြီး၏ လျှောက်ထားမှုအရ သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂေါပကများအနေဖြင့် ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ ကို ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေကပေးသော ပြစ်ဒဏ်စီရင် ခံရမည်ဖြစ်ကြောင်းကို အသိပေးအကြောင်း ထားပြီးဖြစ်ကြောင်း၊ ထို့ပြင် စနစ်တကျတာ ဝန်ယူထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိသေး သော စေတီပုထိုးများ ရုပ်ပွားတော်များနှင့် သန္တကများကို မြို့နယ်သံဃနာယကအဖွဲ့ များက ဂေါပကအဖွဲ့များဖွဲ့စည်းစေ၍ ထိန်း သိမ်းစောင့်ရှောက်ရေးကိစ္စနှင့်စပ်လျဉ်းပြီး ၁၉၈၂ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာ အမှတ် ၃၆ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းကို ဆက်လက်လျှောက်ထားခဲ့ကြောင်း သိရသည်။















