လုံလောက်သည့် အာရုံစူးစိုက်မှုမရှိသဖြင့် ရှုံးနိမ့်ခြင်းဖြစ်ပြီး ချန်ပီယံတိုက်ပွဲမပြီးဆုံးသေးဟု ယာဂန်ကလော့ပ် သတိပေး

လုံလောက်သည့် အာရုံစူးစိုက်မှုမရှိသဖြင့် ရှုံးနိမ့်ခြင်းဖြစ်ပြီး ချန်ပီယံတိုက်ပွဲမပြီးဆုံးသေးဟု ယာဂန်ကလော့ပ် သတိပေး
Photos: AFP
Photos: AFP
Published 1 March 2020

လီဗာပူးလ်အသင်းသည် ဝက်ဖို့ဒ်အသင်းအား အနိုင်ရပါက မန်စီးတီးအသင်းနှင့်အတူ ပူးတွဲရရှိထားသည့် အမှတ်ပေးပွဲ နိုင်ပွဲဆက်မှုအများဆုံး ၁၈ ပွဲ စံချိန်ကိုကျော်ဖြတ်၍ စံချိန်သစ်ပိုင်ဆိုင်ခွင့် ရမည်ဖြစ်သော်လည်း ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် လီဗာပူးလ်အသင်း၏ အမှတ်ပေးပွဲ ရှုံးပွဲမရှိမှတ်တမ်းမှာလည်း ၄၄ ပွဲဖြင့် ရပ်တန့်သွားခဲ့သောကြောင့် ၂၀၀၃-၂၀၀၄ ခုနှစ်တွင် အာဆင်နယ်အသင်းတင်ထားသည့် ၄၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လိုက်မမီတော့ဘဲ အင်္ဂလန်ဘောလုံးသမိုင်းတွင် ဒုတိယမြောက် ပွဲဆက်အများဆုံး ရှုံးပွဲမရှိမှတ်တမ်းဖြင့်သာ ကျေနပ်ရတော့မည်ဖြစ်သည်။ 

 

လီဗာပူးလ်အသင်းသည် တန်းဆင်းဇုန်အတွင်းမှ ဝက်ဖို့ဒ်အသင်းအား သုံးဂိုးပြတ် ရှုံးနိမ့်ပြီးနောက် နိုင်ပွဲဆက်မှုအများဆုံးနှင့် ရှုံးပွဲမရှိ ပွဲဆက်အများဆုံး စံချိန်တင်နိုင်မည့် မျှော်လင့်ချက် ရပ်တန့်သွားပြီဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ဝက်ဖို့ဒ်အသင်းအား အနိုင်ရပါက မန်စီးတီးအသင်းနှင့်အတူ ပူးတွဲရရှိထားသည့် အမှတ်ပေးပွဲ နိုင်ပွဲဆက်မှုအများဆုံး ၁၈ ပွဲ စံချိန်ကိုကျော်ဖြတ်၍ စံချိန်သစ်ပိုင်ဆိုင်ခွင့် ရမည်ဖြစ်သော်လည်း ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် လီဗာပူးလ်အသင်း၏ အမှတ်ပေးပွဲ ရှုံးပွဲမရှိမှတ်တမ်းမှာလည်း ၄၄ ပွဲဖြင့် ရပ်တန့်သွားခဲ့သောကြောင့် ၂၀၀၃-၂၀၀၄ ခုနှစ်တွင် အာဆင်နယ်အသင်းတင်ထားသည့် ၄၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လိုက်မမီတော့ဘဲ အင်္ဂလန်ဘောလုံးသမိုင်းတွင် ဒုတိယမြောက် ပွဲဆက်အများဆုံး ရှုံးပွဲမရှိမှတ်တမ်းဖြင့်သာ ကျေနပ်ရတော့မည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ နောက်ပိုင်း ပထမဆုံးအကြိမ်နှင့် ယခုရာသီ တွင် ပထမဆုံး ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်း၏ တစ်ရာသီလုံး ရှုံးပွဲမရှိ ချန်ပီယံမှတ်တမ်းကိုလည်း အမီလိုက်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။

ယင်းပွဲရှုံးနိမ့်မှုနှင့်ပတ်သက်၍ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က "ချာတိတ်တွေအနေနဲ့ မျှော်လင့်ထားတာထက် အများကြီး ပိုလုပ်ပြထားနိုင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံတိုက်ပွဲက မပြီးသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီလောက်ပွဲတွေအများ ကြီး အနိုင်ရမယ်လို့တောင် မမျှော်မှန်းထားပါဘူး။ အဲဒီလိုလုပ်နိုင်ဖို့ တကယ်မလွယ်သလို နောက်ထပ်လုပ်နိုင်ဖို့လည်း မလွယ်ပါဘူး။ အခုအချိန်ကစပြီး ရှေ့ဆက်သွားဖို့လိုပါတယ်။ စံချိန်မှတ်တမ်းတွေ ချိုးဖျက်နိုင်ခဲ့တယ်ဆိုတာ တစ်ဆင့်ချင်းအလိုက် ၁၀၀ ရာခိုင်နှုန်းအပြည့် အာရုံစူးစိုက်ထားနိုင်လို့ပါ။ ဒါကြောင့်လည်း စွမ်းဆောင်ရည်ကောင်းကောင်းပြနိုင်တာပါ။ ဒီညမှာတော့ ကျွန်တော်တို့အနေနဲ့ လုံလောက်တဲ့ အာရုံစူးစိုက်မှုမရှိခဲ့ပါဘူး" ဟု သတိပေးပြောကြားခဲ့သည်။

ယခုပွဲရလဒ်မှာ လီဗာပူးလ်အသင်းအတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာနောက်ပိုင်း ပရီးမီးယားလိဂ်တွင် ဂိုးအပြတ်ဆုံးရလဒ်ဖြင့် ရှုံးနိမ့်မှုဖြစ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent