ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ အားကစားပြိုင်ပွဲများအပေါ် ရိုက်ခတ်မှု ပိုမိုဆိုးရွားလာပြီး စိုးရိမ်မှုများမြင့်တက်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ အားကစားပြိုင်ပွဲများအပေါ် ရိုက်ခတ်မှု ပိုမိုဆိုးရွားလာပြီး စိုးရိမ်မှုများမြင့်တက်
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 1 March 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုကြီးမားသလို အားကစားပြိုင်ပွဲများအပေါ်လည်း ရိုက်ခတ်မှု ပိုမိုပြင်းထန်လာပြီး စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။ ယင်းဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ (ဘောလုံးပြင်ပ) အားကစားပြိုင်ပွဲများအပေါ် ရိုက်ခတ်မှုများကိုစုစည်း ဖော်ပြအပ်ပါသည်။

 

တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင် ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် (Covid-19) မှာ နှစ်လနီးပါး ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၆၀ တွင် ကူးစက်ပျံ့နှံ့ လျက်ရှိပြီး လက်ရှိအချိန်အထိစာရင်းများအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၆၉၈၅ ဦးနှင့် သေဆုံးသူ ၂၉၇၈  ဦးအထိ ရှိလာပြီဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုကြီးမားသလို အားကစားပြိုင်ပွဲများအပေါ်လည်း ရိုက်ခတ်မှု ပိုမိုပြင်းထန်လာပြီး စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။ ယင်းဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ (ဘောလုံးပြင်ပ) အားကစားပြိုင်ပွဲများအပေါ် ရိုက်ခတ်မှုများကိုစုစည်း ဖော်ပြအပ်ပါသည်။

၂၀၂၀ တိုကျိုအိုလံပစ်

    အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ (IOC) ၏ ဒုဥက္ကဋ္ဌ ဒစ်ပေါင်က ကိုရိုနာဗိုင်းရပ်စ်မှာ စစ်ပွဲအသစ်တစ်ခုဖြစ်ပြီး မေလအထိ ဆက်လက်ဖြစ်ပွားနေပါက ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဖျက်သိမ်းရနိုင်ကြောင်း သတိပေး။ ၎င်းပြောကြားမှုမှာ IOC ၏ တရားဝင်ထုတ် ပြန်ချက်မဟုတ်ကြောင်း ဂျပန်အစိုးရက တုံ့ပြန်သော်လည်း ပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်းပြုလုပ်မည့်သူ ၈၀၀၀၀ ၏ အကြိုလေ့ကျင့်မှုကိုမူ ဖေဖော်ဝါရီ ၂၂ ရက် စတင်ရန် စီစဉ်ထားသော်လည်း နှစ်လရွှေ့ဆိုင်းခဲ့ရ။

ပြေးခုန်ပစ်

    တရုတ်နိုင်ငံ နန်ကျင်းမြို့၌ မတ် ၁၃ ရက်မှ ၁၅ ရက်အထိကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် ရုံတွင်းပြေး ခုန်ပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ရွှေ့ဆိုင်း။ မြောက်ကိုရီးယားကလည်း အိမ်နီးချင်း တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေသဖြင့် ဧပြီတွင်ကျင်းပမည့် ပြုံယမ်း မာရသွန်ပြိုင်ပွဲကိုဖျက်သိမ်း။ တောင်ကိုရီးယားရှိ ဆိုးလ်မာရသွန်၊ ပြင်သစ်ရှိ ပါရီတစ်ဝက်မာရသွန်နှင့် ယူအေအီးနိုင်ငံ အဘူဒါဘီရှိ Triathlon ကမ္ဘာ့စီးရီးပြိုင်ပွဲများကိုလည်း ဖျက်သိမ်း။ ထို့ပြင် ပြင်သစ်အစိုးရက ရုံတွင်းခန်းမများ၌ လူ ၅၀၀၀ အထက် စုဝေးမှုအားလုံးကို တားမြစ်ထား။

ကြက်တောင်

    အိုလံပစ်လက်ရည်စစ်ပွဲဖြစ်သည့် ဂျာမန်အိုးပင်း (မတ် ၃-၈)၊ ဗီ ယက်နမ်အိုးပင်း (မတ် ၂၄-၂၉)၊ ပိုလန်အိုးပင်း (မတ် ၂၆-၂၉) ပြိုင်ပွဲ များအားလုံး ဖျက်သိမ်းထား။

လက်ဝှေ့

    ဝူဟန်မြို့၌ကျင်းပမည့် အိုလံပစ်လက်ရည်စစ်ပွဲကို ဂျော်ဒန်နိုင်ငံသို့ ရွှေ့ဆိုင်း။ အီတလီ၌ကျင်းပမည့် IBF စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံ စိန်ခေါ်ပွဲနှင့် ဂျပန်နိုင်ငံ၌ မတ်လအတွင်း ကျင်းပမည့် လက်ဝှေ့ပြိုင်ပွဲ အားလုံး ရွှေ့ဆိုင်းထားရ။

စက်ဘီး

    UAE Tour စက်ဘီးပြိုင်ပွဲ ကျင်းပနေစဉ် ပြိုင်ပွဲဝင်အသင်းတစ်သင်းမှ အီတလီနိုင်ငံသားဝန်ထမ်း နှစ်ဦး ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသဖြင့် ပြိုင်ပွဲပြီးဆုံးရန် နှစ်ရက်အလို ဖေဖော်ဝါရီ ၂၇ ရက်မှာပင် ရပ်ဆိုင်းခဲ့ရ။

ဖော်မြူလာဝမ်း

    ဧပြီ ၁၉ ရက်တွင်ကျင်းပမည့် တရုတ်ဂရင်းပရီပြိုင်ပွဲကို ရွှေ့ဆိုင်း ထားပြီး ပြန်လည်ကျင်းပမည့်ရက် မဆုံးဖြတ်ရသေး။

ဂေါ့ဖ်

    European Tour ပွဲစဉ်ဖြစ် သည့် Maybank Championship (မလေးရှား၊ ဧပြီ ၁၆-၁၉)၊ Volvo Championship (တရုတ်၊ ဧပြီ ၂၃-၂၆) နှင့် LPGA Tourအမျိုးသမီး ပွဲစဉ်ဖြစ်သည့် Honda LPGA Thailand (ထိုင်း၊ ဖေဖော်ဝါရီ ၂၀-၂၃)၊ HSBC Women's World Championship (စင်ကာပူ၊ ဖေဖော်ဝါရီ ၂၇-မတ် ၁) ပြိုင်ပွဲများ ရွှေ့ဆိုင်း။

မြင်းပွဲ

    ဂျပန်နှင့် ပြင်သစ်တွင်ကျင်းပမည့် မြင်းပွဲများကို ပရိသတ်မပါဘဲ ကျင်းပရန် ဆုံးဖြတ်။

ရပ်ဘီ

    စကော့တလန်နှင့် အီတလီ၊ အိုင်ယာလန်နှင့် အီတလီအသင်းတို့ ယှဉ်ပြိုင်မည့် အမျိုးသမီး Six Nations ပြိုင်ပွဲများ ရွှေ့ဆိုင်းထားရပြီး အီတလီရှိ အမျိုးသားချန်ပီယံရှစ်နှင့် လူငယ်ပြိုင်ပွဲများ ဟောင်ကောင်ရှိ Rugby Sevens ပြိုင်ပွဲများကို ရွှေ့ ဆိုင်း။

တင်းနစ်

    WTA အမျိုးသမီးပွဲစဉ်တစ်ရပ် ဖြစ်သည့် Xi'an Open ပြိုင်ပွဲ (ဧပြီ ၁၃-၁၉) ကို ဖျက်သိမ်းထားပြီး Davis Cup ယှဉ်ပြိုင်မည့် တရုတ်အမျိုးသား အသင်းမှာလည်း ရိုမေးနီးယားသို့ သွားရောက်ခွင့်မရသဖြင့် ပါဝင်ယှဉ် ပြိုင်ခွင့် လက်လွှတ်ခဲ့ရ။

အခြားအားကစားနည်းများ

    တောင်ကိုရီးယား ဘေ့စ်ဘောလိဂ် ရာသီကြိုပွဲစဉ် ၅၀၊ ကမ္ဘာ့ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ပွဲစဉ်ရေးဆွဲမှု၊ ကမ္ဘာ့ချန်ပီယံရှစ် ရေခဲပြင်စကိတ်အမြန်စီးပြိုင်ပွဲများနှင့် တရုတ်နိုင်ငံ၌ကျင်းပမည့် သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲများလည်း ရွှေ့ဆိုင်းထားရ။

 

Most Read

Most Recent