လာလီဂါပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 March 2020

ဆီဗီလာ - အိုဆာဆူနာ (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

ဂီတာဖေးလိုခြေစွာတဲ့အသင်းကို အဝေးကွင်းမှာဂိုးပြတ် အနိုင်ယူလိုက်နိုင်လို့ ဆီဗီလာ ယုံကြည်မှုအားကောင်းလာနေ တယ်။ အခုရင်ဆိုင်ရမယ့် အိုဆာဆူနာကလည်း အခုတလော နိုင်ပွဲရဖို့ ရုန်းကန်နေရပြီး ခံစစ်ကလည်း ပေးဂိုးတွေမြင့်တက်လာနေတဲ့အသင်းဖြစ်လို့ ဆီဗီလာအတွက် အခွင့်အရေးကောင်းနေ တာအမှန်ပဲ။ ဒါပေမဲ့ ဘီလ်ဘာအိုကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ကစားထားတာကိုကြည့်ရင် ဆီဗီလာအတွက် အိုဆာဆူ နာဟာ လွယ်လွယ်အနိုင်ယူနိုင်မယ့် ပြိုင်ဘက်တော့မဟုတ်ဘူး။ ဒါ့အပြင် ဆီဗီလာဟာ ဒီပွဲမတိုင်မီ ကလုချ်နဲ့ ယူရိုပါလိဂ်အဆုံးအဖြတ်ပွဲ နွှဲထားရသေးလို့  ဒီပွဲမှာ ပွဲပန်းနေနိုင်တာကိုလည်း ထည့်တွက်ရဖို့ရှိနေတယ်။ တစ်ခုရှိတာက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပြိုင်ဆိုင်မှုပြင်းထန်နေချိန်ဖြစ်လို့ ဆီဗီလာ အိမ်ကွင်းမှာ အမှားမဖြစ်ဖို့တော့ ကြိုးစားလာမှာပါ။ အစဉ်အလာတွေမှာ လည်းအသာစီးရထားလို့ ဆီဗီလာ ဒီပွဲလည်း အနိုင်ရဖို့များနေပေမယ့် ဂိုးပြတ်ဖို့တော့ မလွယ်ဘူးထင်တယ်။

 

ဘီလ်ဘာအို - ဗီလာရီးယဲလ် (တနင်္ဂနွေည ၇:၃၀ နာရီ)

ဗီလာရီးယဲလ်ရဲ့ အဝေးကွင်းကစားပုံက ပုံမှန်မရှိသေးဘူး။ အထူးသဖြင့် အဝေးကွင်းမှာ ဗီလာရီးယဲလ်ရဲ့ ခံစစ်ကစားနိုင်စွမ်း ကို စိတ်ချထားလို့မရဘူး။ ဘီလ်ဘာအိုကလည်း အိမ်ကွင်းကစားပုံ ကောင်းပေမယ့် တိုက်စစ်က အခုတလော ဂိုးရဖို့ရုန်းကန်နေရပုံနဲ့ ဆိုရင် ဗီလာရီးယဲလ်အတွက် ဒီပွဲက အခွင့်အရေးတော့ရှိနေတယ်။ ဘီလ်ဘာအိုအတွက်ကလည်း လာလီဂါနောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲကြုံထားလို့ အခုအိမ်ကွင်းပွဲမှာ နိုင်ပွဲရယူနိုင်ဖို့ အားထုတ်လာ နိုင်ပါတယ်။ နှစ်သင်းစလုံး အပြန်အလှန်ထိန်းကစားသွားဖို့ရှိ နေလို့ ဂိုးနည်းပြီး သရေကျဖို့များတဲ့ပွဲလို့ပဲ ထင်တယ်။

 

အက်စ်ပန်ညို - အက်သလက်တီကို (တနင်္ဂနွေည ၉:၃၀ နာရီ)

လီဗာပူးလ်နဲ့ ဗီလာရီးယဲလ်ကို အိမ်ကွင်းမှာ ဆက်တိုက် အနိုင်ရအောင်ကစားနိုင်ခဲ့ပြီးချိန်မှာတော့ အက်သလက်တီကိုရဲ့ အဝေးကွင်းကစားပုံ ပြောင်းလဲလာနိုင်မလား စောင့်ကြည့်ရတော့မယ်။ အက်စ်ပန်ညိုကလည်း ဇယားအောက်ဆုံးရောက် နေပေမယ့် နည်းပြ အဘယ်လာဒိုလက်ထဲမှာ အိမ်ကွင်းရှုံးပွဲ မရှိသေးဘူး။ အက်စ်ပန်ညိုဟာ အဘယ်လာဒိုလက်အောက်မှာ ထင်သလောက်တိုးတက်မှုမပြနိုင်သေးပေမယ့် အိမ်ကွင်း မှာတော့ သေချာအားစိုက်ကစားနေတာတွေ့ရတဲ့အပြင် အစဉ် အလာတွေအရလည်း အက်သလက်တီကိုကို အမြဲလိုလိုအခက်တွေ့စေခဲ့တယ်။ ဒီတော့ အက်သလက်တီကိုသာ အဝေး ကွင်းကစားပုံမပြောင်းနိုင်ခဲ့ရင် အက်စ်ပန်ညိုကို အနိုင်ရဖို့အ တော်လေးခက်ခဲနို်င်တယ်။ ဒါပေမဲ့ ဗီလာရီးယဲလ်နဲ့ပွဲမှာ ဂိုး တွေသွင်းလာနိုင်တာ၊ တိုက်စစ်မှာ ယာအိုဖီးလစ်ရော၊ ကော်စ တာပါ ပြန်ကစားလာနိုင်တာကြောင့် ဒီပွဲမှာ အက်သလက်တီ ကိုတိုက်စစ်ကို မျှော်လင့်လို့ရတာအမှန်ပဲ။ စိတ်ဓာတ်ပိုင်းပြန်တက်လာတဲ့ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။

 

မာယော့ကာ - ဂီတာဖေး (တနင်္ဂနွေည ၁၂:၀၀ နာရီ)

နောက်ဆုံး (၂)ပွဲဆက်ရှုံးပွဲကြောင့် ဂီတာဖေး အဆင့် (၅) ပြန်ရောက်သွားခဲ့ရတယ်။ ယူရိုပါလိဂ်လည်းကစားနေရလို့ ဂီ တာဖေး ကစားအားအနည်းငယ်လျော့နေသလိုပါပဲ။ ဒါပေမဲ့ နိုင်ပွဲပြန်ယူဖို့ကြိုးစားမယ့် ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ရွေးထားမယ်။

 

ရီးယဲလ်မက်ဒရစ် - ဘာစီလိုနာ (တနင်္လာနံနက် ၂:၃၀ နာရီ)

ဒီနှစ်သင်းရဲ့ EL Clásico ပွဲမတိုင်မီ ထိပ်ဆုံးနေရာကို ဘာစီလိုနာလက်ထဲပြန်ထည့်ပေးလိုက်ရတာက ရီးယဲလ်မက်ဒရစ်အတွက် အတော်လေးကိုနစ်နာခဲ့ရတယ်။ ဒါကြောင့် အခုပွဲမှာ ဘာစီလိုနာကို အရှုံးပေးလိုက်ရတဲ့အထိ အခွင့်အရေးလုံးဝ ပေးလို့မရတော့ဘူး။ အကယ်၍များ ဒီပွဲသာရှုံးလိုက်ရင် ဘာစီလိုနာနဲ့ (၅)မှတ်အထိ ကွာဟသွားမှာဖြစ်လို့ ရီးယဲလ်တို့ အိမ်ကွင်းမှာ သေချာအာရုံစိုက်ရင်ဆိုင်မယ့်ပွဲပါပဲ။ နှစ်သင်းစလုံး ချန်ပီယံလိဂ်ပွဲနွှဲထားရတာချင်းတူပေမယ့် ရီးယဲလ်က အိမ်ကွင်း ပွဲကစားထားရတာဖြစ်လို့ ပွဲပန်း၊ ခရီးပန်းမှုမှာ အနည်းငယ်တော့ အခွင့်အရေးပိုသာနေတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ လက်ရှိခြေစွမ်းကလည်း အဝေးကွင်းမှာ စိတ်မချရသေးတာအမှန်ပဲ။ အထူးသဖြင့် ခံစစ်ကစားပုံက အဝေးကွင်းဆို ပိုအားနည်းတတ်တယ်။ ဒါပေမဲ့ ရီးယဲလ်ကိုပြန်ကြည့်တော့လည်း အခုနောက်ပိုင်း အကျဘက်အနည်းငယ်ရောက်လာသလိုပဲ။ ခံစစ်ကလည်း ဂိုးတွေပြန်ပေးနေရတယ်။ တစ်သင်းနဲ့တစ်သင်း အမှားစောင့်ကစားသွားနိုင်ပြီး ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

 

Most Read

Most Recent