လိုင်ယွန်အသင်းကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း စီရော်နယ်လ်ဒို ဆို

လိုင်ယွန်အသင်းကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း စီရော်နယ်လ်ဒို ဆို
Photo: Getty Images
Photo: Getty Images
Published 29 February 2020

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိတို့အသင်းအနေဖြင့် လိုင်ယွန်အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိတို့အသင်းအနေဖြင့် လိုင်ယွန်အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ဖေဖော်ဝါရီ (၂၆)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် လိုင်ယွန်အသင်းကို အဝေးကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

သို့သော် စီရော်နယ်လ်ဒိုက ဒုတိယအကျော့တွင် အဆိုပါရလဒ်ကို ပြောင်းလဲကာ မိမိတို့အနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

စီရော်နယ်လ်ဒိုက "လိုင်ယွန်မှာ ထွက်ပေါ်ခဲ့တဲ့ ရလဒ်က ဘောလုံးပွဲတွေ ဖြစ်ပျက်နေကျပါပဲ။ အဲဒီပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးစွမ်းဆောင်နိုင်ခြင်းမရှိတဲ့အတွက် စိတ်ပျက်ရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက အရမ်းခက်ခဲလို့ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒုတိယအကျော့ ကစားရဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ ပထမအကျော့ရလဒ်ကို ချေဖျက်ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက ပြိုင်ဆိုင်မှုအရမ်းပြင်းထန်ပြီး ပြိုင်ဘက်တိုင်းက ခက်ခဲတဲ့အသင်းတွေချည်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ဖို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်"ဟု

ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မတ်လ (၁၇)ရက်တွင် လိုင်ယွန်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ 

လက်ရှိတွင် အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့နေမှုကြောင့် စီးရီးအေပွဲစဉ်များအပါအဝင် ဘောလုံးပွဲစဉ်အချို့ကို ကွင်းပိတ်ကစားနေရသော်လည်း စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်း၏ အိမ်ကွင်း အလိုင်းယန့်ဇ်၌ ကစားရမည့် လိုင်ယွန်အသင်းနှင့်ပွဲကို ပရိသတ်များ လာရောက်အားပေးရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။ 

 

Most Read

Most Recent