ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ရပ်နားမည်ဆိုပါက လီဗာပူးလ်အသင်း ချန်ပီယံဆုနှင့်လွဲချော်ဖွယ်ရှိနေကြောင်း The Telegraph ဖော်ပြ

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ရပ်နားမည်ဆိုပါက လီဗာပူးလ်အသင်း ချန်ပီယံဆုနှင့်လွဲချော်ဖွယ်ရှိနေကြောင်း The Telegraph ဖော်ပြ
Photos: Reuters & AP
Photos: Reuters & AP
Published 29 February 2020

လီဗာပူးလ်အသင်းသည် လက်ရှိဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်နားလိုက်မည်ဆိုပါက ချန်ပီယံဆုနှင့် လွဲချော်ဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။ 

The Telegraph ၏ ဖော်ပြမှုအရ လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၇)အပြီးတွင် ရမှတ် (၇၉)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဒုတိယနေရာမှ မန်စီးတီးအသင်းကို (၂၂)မှတ်အထိ ဖြတ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန်အတွက် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဗြိတိန်အစိုးရက ရပ်နားရန် အမိန့်ပေးမည်ဆိုပါက နှစ် (၃၀)ကြာ စောင့်ဆိုင်းနေသည့် ချန်ပီယံဆုကို ရရှိရန် အာမခံချက်မရှိကြောင်း သိရသည်။ 

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ (ဖေဖော်ဝါရီ ၂၈ ရက်အထိ) နိုင်ငံပေါင်း (၅၉)နိုင်ငံအထိ ပျံ့နှံ့နေပြီး ကူးစက်ခံရသူပေါင်း (၈၃၈၉၃)ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ဥရောပ၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု အလွန်မြန်ဆန်နေပြီး အီတလီ၊ ဆွစ်ဇာလန်စသည့် နိုင်ငံများတွင် ဘောလုံးပွဲစဉ်များအပါအဝင် အားကစားပွဲများကို ရွှေ့ဆိုင်းမှုများ ရှိခဲ့သည်။ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့အနှံ့တွင်  အားကစားပြိုင်ပွဲများကို ဖျက်သိမ်းမှုများရှိခဲ့ကြောင်းလည်း သိရသည်။ 

အကယ်၍ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ရန် ဗြိတိန်အစိုးရအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်နားခဲ့မည်ဆိုပါက ပြိုင်ပွဲမပြီးဆုံးသေးသည့် လီဗာပူးလ်အသင်းမှာ ချန်ပီယံဆုဖလား ရရှိမည်မဟုတ်သလို၊ အမှတ်ပေးဇယားအောက်ဆုံးမှာ အသင်း (၃)သင်းမှာလည်း တန်းဆင်းရမည်မဟုတ်ကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent