သံဃာတော်များ၊ သီလရှင်များနှင့် ဘာသာပေါင်းစုံမှ သာသနာ့ဝန်ထမ်းများကိုမွေးရာပါ နိုင်ငံသားအခွင့်အရေးအရ လူ့ဂုဏ်သိက္ခာနှင့် နိုင်ငံသားတိုင်း၏ တာဝန်ဝတ္တရားဖြစ်သော မဲပေးလိုပါက ပေးပိုင်ခွင့်ရရှိရေးဥပဒေများပြဋ္ဌာန်းရန် တစညပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

သံဃာတော်များ၊ သီလရှင်များနှင့် ဘာသာပေါင်းစုံမှ သာသနာ့ဝန်ထမ်းများကိုမွေးရာပါ နိုင်ငံသားအခွင့်အရေးအရ လူ့ဂုဏ်သိက္ခာနှင့် နိုင်ငံသားတိုင်း၏ တာဝန်ဝတ္တရားဖြစ်သော မဲပေးလိုပါက ပေးပိုင်ခွင့်ရရှိရေးဥပဒေများပြဋ္ဌာန်းရန် တစညပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 29 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

သံဃာတော်များ၊ သီလရှင်များနှင့် ဘာသာပေါင်းစုံမှ သာသနာ့ဝန်ထမ်းများကို မွေး ရာပါ နိုင်ငံသားအခွင့်အရေးအရ လူ့ဂုဏ် သိက္ခာနှင့် နိုင်ငံသားတိုင်း၏ တာဝန်ဝတ္တရား ဖြစ်သော မဲပေးလိုပါက ပေးပိုင်ခွင့်ရရှိဖို့ ဥပ ဒေများပြဋ္ဌာန်းရန် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီဝင် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဂျေယောဝူက လွှတ်တော်၌ ဆွေးနွေး ခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော  ပြည်ထောင်စုလွှတ်တော်အစည်းတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများ အပေါ် ဆွေးနွေးရာတွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဂျေယောဝူက အ ထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ဗြိတိသျှကိုလိုနီ နယ်ချဲ့ခေတ်မှ ခေတ်အဆက်ဆက် ဘာသာရေးထုံးတမ်းအစဉ် အလာကြီးမားပြီး ဘာသာသာသနာကို မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးခဲ့၊ ပဲ့ပြင် ဆုံးမခဲ့၊ သွန်သင်နေခဲ့တဲ့ အမျိုးသားရေးကို လည်း ရှေ့တန်းကနေ ဦးဆောင်၍ အကျင့် သီလဆောက်တည်ကြကုန်သော ဆရာတော်၊ သံဃာတော်၊ သီလရှင်များနှင့် ဘာသာပေါင်းစုံမှ သာသနာ့ဝန်ထမ်းများလည်း မွေးရာပါ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး၊ စစ် မှန်တဲ့ဒီမိုကရေစီအခွင့်အရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာ လူ့ဂုဏ် သိက္ခာလည်းရှိ၊ နိုင်ငံသားတိုင်းလည်း တာ ဝန်ဝတ္တရားကိုလည်းဖြစ်သော မဲပေးလိုပါက ပေးပိုင်ခွင့်၊ ဒါမှမဟုတ်ရင်လည်း တရားဘာ ဝနာနဲ့ပျော်မွေ့ပြီး လောကီရေးရာနှင့် ကင်း ကင်းကွာကွာ သီလ၊ သမာဓိ ကျင့်ကြံကုန် သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကိုတော့ မထည့်ဘဲ နေလိုပါက နေနိုင်ခွင့် စသည်များ ကို ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစံနှုန်းနဲ့အညီ ဥပဒေများ ပြဋ္ဌာန်းဖို့နဲ့ ပုဒ်မ ၃၉၂ ပုဒ်မခွဲ(က)ကို ပယ်ဖျက်ပေးရန် ဆွေးနွေးရင်း ဦးထွန်း အောင် (ခေါ်) ဦးထွန်းထွန်းဟိန်နဲ့ ၃၅၁ ဦး၏ အခြားပြင်ဆင်ချက်များကို ထောက်ခံအပ် ပါတယ်”ဟု ဦးဂျေယောဝူက ပြောကြားသည်။

ထို့ပြင် ပုဒ်မ ၅၉(စ)သည် မည်သည့်အ ချိန်တွင်မျှ ပယ်ဖျက်ရန်မသင့်သည့် ဥပဒေ ဖြစ်ပြီး ယင်းပုဒ်မကို ပယ်ဖျက်လိုက်ပါ ကမ္ဘာ လုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုသဘောတူ စာချုပ်တွင် မြန်မာနိုင်ငံက လက်မှတ်ရေး ထိုးထားခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်သူ များကို ဥပဒေအရ လက်ခံရတော့မည်ဖြစ် ခြင်း၊ နိုင်ငံခြားကလေးငယ်များကို မွေးစား ခွင့်နှင့် အမွေဆက်ခံခွင့်ဥပဒေများရှိလာနိုင် ခြင်းကြောင့် အရောင်စုံလင်သော နိုင်ငံခြား သားများ နိုင်ငံ့အကြီးအကဲ၊ နိုင်ငံ့ခေါင်း ဆောင်များ ဖြစ်လာနိုင်ခြင်းကြောင့် လွတ်လပ် ရေးကိုပါ ဆုံးရှုံးနိုင်သည့်ကိန်းဆိုက်နိုင်၍ ပယ်ဖျက်ခြင်းကို ကန့်ကွက်ကြောင်းလည်း ဦးဂျေယောဝူက ထည့်သွင်းဆွေးနွေးခဲ့သည်။

အထက်ပါကဲ့သို့ ဆွေးနွေးမှုများအပြီး တွင် NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက “ခုနက ဦးဂျေယောဝူ ဆွေး နွေးသွားတဲ့အထဲမှာ ကျွန်မတို့နိုင်ငံရဲ့ဥပဒေ မှာ၊  Law  ဟာ နိုင်ငံခြားသားတွေကို မွေးစား ခွင့်ပေးထားပြီးတော့ တစ်ချိန်မှာ ခေါင်းဆောင် ဖြစ်နိုင်တယ်ဆိုပြီးတော့ ကိုးကားပြီးတော့ ပြောသွားတာကို တွေ့ရပါတယ်။ ကျွန်မတို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ကလေးသူငယ်အခွင့် အရေးဥပဒေမှာဆိုလို့ရှိရင် ဒီအချက်က မပါ ပါဘူး။ အဲဒါကြောင့် ဆွေးနွေးချက်ကို ပယ်ဖျက်ပေးပါရန် အဆိုတင်သွင်းပါတယ်”ဟု  မတ်တတ်ရပ်၍ ကန့်ကွက်ခဲ့သည်။

ယင်းသို့ ကန့်ကွက်မှုများရှိခဲ့ခြင်းကြောင့် ဥပဒေကြမ်းပါကိစ္စရပ် ဟုတ် မဟုတ်ဆိုသည် ကို စိစစ်ပေးမည်ဖြစ်ပြီး ကန့်ကွက်တင်ပြသည့်အတိုင်း ဥပဒေနှင့်အညီ လုံးကောက်များ ကို ပြန်ကြည့်၍ စိစစ်ပြီး မှန်မှန်ကန်ကန် မျှမျှ တတဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က ပြောကြားသည်။

 

 

Most Read

Most Recent