မန်စီးတီး၏ နိုင်ပွဲဆက်စံချိန်နှင့်တူညီပြီးနောက် ကစားသမားများကို ယာဂန်ကလော့ပ် ချီးကျူး

မန်စီးတီး၏ နိုင်ပွဲဆက်စံချိန်နှင့်တူညီပြီးနောက် ကစားသမားများကို ယာဂန်ကလော့ပ် ချီးကျူး
Photos: AFP
Photos: AFP
Published 26 February 2020

"လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပေါ့။ သုံးနှစ် ဒါမှမဟုတ် လေးနှစ်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင်ဇာတ်လမ်းကို ရေးသားဖို့၊ ကိုယ်ပိုင်သမိုင်းကို ဖန်တီးဖို့  ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ကစားသမားတွေက ကျွန်တော် ပြောတဲ့အတိုင်း ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါဟာ အလွန်ကောင်းပါတယ်။ ကိန်းဂဏန်းတွေက မယုံကြည်နိုင်စရာကောင်းပြီး အလွန်ခက်ခဲပါတယ်"ဟု ကလော့ပ်က ပြောကြားခဲ့သည်။ 

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မန်စီးတီးအသင်း၏ ၁၈ ပွဲဆက် နိုင်ပွဲဆက်စံချိန်ကို အမီလိုက်ခဲ့ပြီးနောက် ကစားသမားများကို ချီးကျူးခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက်က ကစားခဲ့သော လီဗာပူးလ်(၃-၂)ဝက်စ်ဟမ်းပွဲအပြီး တွင် လီဗာပူးလ်အသင်းသည် မန်စီးတီးအ သင်း ၂၀၁၇ ခုနှစ် သြဂုတ်မှ ဒီဇင်ဘာလအတွင်း တင်ရှိထားသည့် နိုင်ပွဲဆက်စံချိန်ကို အမီလိုက်ခဲ့ခြင်းဖြစ်သည်။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပေါ့။ သုံးနှစ် ဒါမှမဟုတ် လေးနှစ်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင်ဇာတ်လမ်းကို ရေးသားဖို့၊ ကိုယ်ပိုင်သမိုင်းကို ဖန်တီးဖို့  ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ကစားသမားတွေက ကျွန်တော် ပြောတဲ့အတိုင်း ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါဟာ အလွန်ကောင်းပါတယ်။ ကိန်းဂဏန်းတွေက မယုံကြည်နိုင်စရာကောင်းပြီး အလွန်ခက်ခဲပါတယ်"ဟု ကလော့ပ်က ပြောကြားခဲ့သည်။ 

ထို့ပြင် ကလော့ပ်က မန်စီးတီးအသင်း၏နိုင် ပွဲဆက်စံချိန်ကို လိုက်မီရန် မည်သည့်အခါမျှ စိတ်ကူးထားခြင်းမရှိခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။ ယင်းပွဲတွင် ၀ိုင်နယ်လ်ဒမ်းက ကိုးမိနစ် တွင် အဖွင့်ဂိုးစသွင်းပြီး ဝက်စ်ဟမ်းအသင်းမှ ဂျော့ပ်(၁၂ မိနစ်)၊ ဖော်နယ်စ်(၅၄ မိနစ်)တို့ ၏ဂိုးများကြောင့် လီဗာပူးလ်အသင်း နောက်မှ လိုက်ကစားခဲ့ရသော်လည်း ဆာလာ(၆၈ မိနစ်)၊ မာနေ(၈၁ မိနစ်)တို့က ချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ပွဲစဉ် (၂၇) အပြီးတွင် ၇၉ မှတ်ဖြင့် မန်စီးတီးအသင်းကို ၂၂ မှတ်ဖြတ်ထားပြီး လက်ကျန် ၁၁ ပွဲတွင် ၁၂ မှတ်ရရုံဖြင့် ဗိုလ်စွဲမည်ဖြစ်သည်။ ထို့ပြင် လီဗာပူးလ်အနေဖြင့် ဂန္ထဝင်နည်းပြ ဘီလ်ရှန်ကလေ လက်ထက် ၁၉၇၂ ဇန်နဝါရီမှ ဒီဇင်ဘာအကြား အသင်း၏ Top-flight အိမ်ကွင်း ၂၁ ပွဲဆက်အနိုင်ရသည့်မှတ်တမ်းကိုလည်း အမီလိုက်နိုင်ခဲ့သည်။

 

Most Read

Most Recent