ဆန်ချိုကို ဆက်ထိန်းထားနိုင်မည်ဟုဒေါ့မွန်အသင်း ယုံကြည်နေ

ဆန်ချိုကို ဆက်ထိန်းထားနိုင်မည်ဟုဒေါ့မွန်အသင်း ယုံကြည်နေ
Photos: Getty Images
Photos: Getty Images
Published 26 February 2020

အင်္ဂလန်လက်ရွေးစင်ကစားသမား ဆန်ချိုသည် ပရီးမီးယားလိဂ်သို့ပြန်ရန် သတင်းများ အဆက်မပြတ်ထွက်နေပြီး မန်ယူ၊ ချယ်လ်ဆီး စသည့် ထိပ်သီးအသင်းများမှခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။ 

 

ဘွန်ဒစ်လီဂါထိပ်သီးကလပ် ဒေါ့မွန်အသင်းသည် အသင်းတောင်ပံကစားသမား ဆန်ချိုကို လာမည့်နွေရာသီနောက်ပိုင်း၌ အသင်းတွင်ဆက်ထိန်းထားနိုင်မည်ဟု ယုံကြည် နေကြောင်း ဂျာမန်သတင်းစာ Ruhr Nachrichten က ဖော်ပြခဲ့သည်။

အင်္ဂလန်လက်ရွေးစင်ကစားသမား ဆန်ချိုသည် ပရီးမီးယားလိဂ်သို့ပြန်ရန် သတင်းများ အဆက်မပြတ်ထွက်နေပြီး မန်ယူ၊ ချယ်လ်ဆီး စသည့် ထိပ်သီးအသင်းများမှခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။ 

သို့သော် ဆန်ချိုအနေဖြင့် ဂျာမနီမြေကိုစွန့်ခွာရန် ဆုံးဖြတ်ချက် ပြတ်သားစွာချမှတ်ခြင်းမရှိသေးသောကြောင့် ဒေါ့မွန်အသင်းက ၎င်းကို ဆက်ထိန်းထားနိုင်မည်ဟု မျှော်လင့်နေခြင်းဖြစ်သည်။ 

ဆန်ချိုသည် ဒေါ့မွန်အသင်းသည် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အသင်းမှထွက်ခွာခွင့် မတောင်းခံထားကြောင်း သိရသည်။  ၎င်းသည် ဒေါ့မွန်အတွက် ၈၇ ပွဲကစားခဲ့ရာ တွင် ၃၀ ဂိုးသွင်းပေးခဲ့ပြီး ဂိုးဖန်တီးမှု ၄၁ ကြိမ်ပြုလုပ်ထားခဲ့သည်။

 

Most Read

Most Recent