ရီးယဲလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် အလျင်မလိုကြောင်း ရာမို့စ် ပြောကြား

ရီးယဲလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် အလျင်မလိုကြောင်း ရာမို့စ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 26 February 2020

ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က မိမိအနေဖြင့် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်အတွက် အလျင်မလိုကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က မိမိအနေဖြင့် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်အတွက် အလျင်မလိုကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ရာမို့စ်၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရာမို့စ်ဘက်က စာချုပ်သစ်အတွက် ဆွေးနွေးရန် တောင်းဆိုမှုကို ရီးယဲလ်မက်ဒရစ်အသင်းက ပယ်ချခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ 

သို့သော် ရာမို့စ်က အသင်းနှင့် မိမိအကြား ဆက်ဆံရေးကောင်းမွန်ကြောင်းနှင့် စာချုပ်သစ်အတွက် အလျင်မလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကလပ်အသင်းနဲ့ ကျွန်တော်တို့အကြား ဆက်ဆံရေးက အရမ်းကို ကောင်းမွန်ပါတယ်။ ဒါကြောင့် စာချုပ်သစ်အတွက် ကျွန်တော့်ဘက်က အလျင်မလိုသလို၊ အသင်းဘက်ကလည်း အလျင်စလို လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းရဲ့ ပေါ်လစီကို ကောင်းကောင်းနားလည်တာကြောင့် သာမန်ထက်ပိုတဲ့ တောင်းဆိုမှုတွေ ဘယ်တော့မှ လုပ်မှာ

မဟုတ်ပါဘူး။ တကယ်လို့ အသင်းက ကျွန်တော့်ကို ဆက်နေစေချင်ရင် ဒီအသင်းမှာ ကျွန်တော် ဆက်ရှိနေမှာပါ။ အဲဒီအတွက် စိတ်ပူနေစရာမလိုပါဘူး"ဟု ရာမို့စ်က ပြောကြားခဲ့သည်။

ထို့ပြင် ရာမို့စ်က မီဒီယာများ ဖော်ပြနေသလို အသင်းနှင့် မိမိအကြား ပြဿနာများရှိနေသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ပြောကြားခဲ့သည်။ 

အသက် (၃၃)နှစ်အရွယ်ရှိ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် ၂၀၀၅ ခုနှစ်တွင် ဆီဗီလာအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၆၃၇)ပွဲတွင် (၉၁)ဂိုး သွင်းယူပေးထားသည်။

 

Most Read

Most Recent