လီဗာပူးလ်အသင်းပရိသတ်များမှာ အကောင်းဆုံးဖြစ်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် ချီးကျူး

လီဗာပူးလ်အသင်းပရိသတ်များမှာ အကောင်းဆုံးဖြစ်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် ချီးကျူး
Photo: OTRO
Photo: OTRO
Published 26 February 2020

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က အသင်းဟောင်း လီဗာပူးလ်ပရိသတ်များမှာ အကောင်းဆုံးဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။ 

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က အသင်းဟောင်း လီဗာပူးလ်ပရိသတ်များမှာ အကောင်းဆုံးဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။ 

ဆွာရက်ဇ်သည် လက်ရှိတွင် ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းကြောင့် အနားယူနေရပြီး ဗြိတိန်အခြေစိုက် You Tube Channel တစ်ခုဖြစ်သည့် OTRO နှင့်တွေ့ဆုံရာတွင် လီဗာပူးလ်အသင်းပရိသတ်များကို ချီးကျူးခဲ့ခြင်းဖြစ်သည်။ 

ဆွာရက်ဇ်က "လီဗာပူးလ်ပရိသတ်တွေဟာ အကောင်းဆုံးဘောလုံးပရိသတ်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ကျွန်တော် လီဗာပူးလ်အသင်းမှာ ကစားခဲ့စဉ်က အသင်းပရိသတ်တွေဟာ ကျွန်တော့်ကို ချစ်ခင်အားပေးခဲ့ကြပါတယ်။ သူတို့က ကျွန်တော့်ကို အမြဲတမ်းချစ်ခင်အားပေးခဲ့ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ကြတာပါ။ ဒါကြောင့် သူတို့ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးပရိသတ်တွေထဲမှာ ပါဝင်တယ်လို့ ကျွန်တော် ပြောရတာပါ။ ကျွန်တော့်အတွက်ကတော့ လီဗာပူးလ်ပရိသတ်တွေက အကောင်းဆုံးပါပဲ"ဟု ပြောကြားခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ (၃) ရာသီခွဲကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၃၃)ပွဲတွင် (၈၂)ဂိုး သွင်းယူခဲ့သည်။ 

ထို့နောက် ဆွာရက်ဇ်သည် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် လီဗာပူးလ်အသင်းကို စွန့်ခွာကာ ဘာစီလိုနာအသင်းသို့ ပေါင် (၇၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ 

ဆွာရက်ဇ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲတွင် (၁၄)ဂိုး သွင်းယူပေးထားပြီး ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။