ဒီမာရီယာသည် မန်ယူအသင်းကို အလွန်မုန်းတီးပြီး တီဗွီတွင် မန်ယူအကြောင်းလာလျှင် ချန်နယ်လ် ပြောင်းပစ်တတ်ကြောင်း ဘူလ်ကာ ဆို

ဒီမာရီယာသည် မန်ယူအသင်းကို အလွန်မုန်းတီးပြီး တီဗွီတွင် မန်ယူအကြောင်းလာလျှင် ချန်နယ်လ် ပြောင်းပစ်တတ်ကြောင်း ဘူလ်ကာ ဆို
Photos: Getty Images & Daily Mail
Photos: Getty Images & Daily Mail
Published 26 February 2020

PSG အသင်းဂိုးသမား ဘူလ်ကာက အသင်းဖော် ဒီမာရီယာသည် မန်ယူအသင်းကို အလွန်မုန်းတီးပြီး တီဗွီတွင် မန်ယူအကြောင်း လာလျှင် ချန်နယ်လ် ပြောင်းပစ်တတ်ကြောင်း ပြောကြားခဲ့သည်။ 

PSG အသင်းဂိုးသမား ဘူလ်ကာက အသင်းဖော် ဒီမာရီယာသည် မန်ယူအသင်းကို အလွန်မုန်းတီးပြီး တီဗွီတွင် မန်ယူအကြောင်း လာလျှင် ချန်နယ်လ် ပြောင်းပစ်တတ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတောင်ပံကစား ဒီမာရီယာသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပေါင် (၅၉.၇)သန်း (ထိုစဉ်က မန်ယူအသင်း၏ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး)ဖြင့် ပြောင်းရွှေ့ခဲ့သည်။ 

သို့သော် ဒီမာရီယာသည် မန်ယူအသင်းတွင် ပုံမှန်ခြေစွမ်းပြရရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၃၂)ပွဲတွင် (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် PSG အသင်းသို့ ပေါင် (၄၄)သန်း ရောင်းချခံခဲ့ရသည်။ 

ဘူလ်ကာက ဒီမာရီယာသည် မန်ယူအသင်းတွင် ရုန်းကန်ခဲ့ရသည့်အတွက် မန်ယူအသင်းကို အလွန်မုန်းတီးကြောင်း YouTube channel တစ်ခုဖြစ်သည့် Foot Truck နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ဒီမာရီယာဟာ မန်ယူအသင်းကို အရမ်းမုန်းပါတယ်။ သူ့အနေနဲ့ မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရတာကြောင့် မန်ယူနဲ့ပတ်သက်ပြီး သူ့အတွက် မှတ်စရာမကောင်းတာတော့ သေချာပါတယ်။ ဒါကြောင့်ပဲ ဒီမာရီယာဟာ တီဗွီမှာ မန်ယူနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ တစ်ခုခုလာပြီဆိုတာနဲ့ တီဗွီချန်နယ်လ်ကို ပြောင်းပစ်တော့တာပါပဲ"ဟု ဘူလ်ကာက ပြောကြားခဲ့သည်။ 

ဒီမာရီယာသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် မန်ယူအသင်းနှင့် အိုးလ်ထရက်ဖို့ဒ်၌ ကစားခဲ့သည့်ပွဲတွင်လည်း မန်ယူအသင်းပရိသတ်များ၏ အော်ဟစ်လှောင်ပြောင်မှုခံခဲ့သလို၊ ရေဘူးများဖြင့် ပစ်ပေါက်မှုများကိုပါ ခံခဲ့ရကြောင်း သိရသည်။ 

 

Most Read

Most Recent