သူငယ်ပြန်တတ်သည့်အရွယ်ကို တိုင်းပြည်ဦးဆောင်၍ ကမောက်ကမ မဖြစ်စေလိုသောကြောင့် ပုဒ်မ ၅၉ (ဂ) ပြင်ဆင်ချက်တွင် အသက် ၇၀ မကျော်စေရဟူသည့် အချက်ကို ဖြည့်စွက်လိုကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

သူငယ်ပြန်တတ်သည့်အရွယ်ကို တိုင်းပြည်ဦးဆောင်၍ ကမောက်ကမ မဖြစ်စေလိုသောကြောင့် ပုဒ်မ ၅၉ (ဂ) ပြင်ဆင်ချက်တွင် အသက် ၇၀ မကျော်စေရဟူသည့် အချက်ကို ဖြည့်စွက်လိုကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 25 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

သူငယ်ပြန်တတ်သည့်အရွယ်ကို တိုင်းပြည်ဦးဆောင်၍ ကမောက်ကမ မဖြစ်စေလိုသောကြောင့် ပုဒ်မ ၅၉(ဂ) ပြင်ဆင်ချက် တွင် အသက် ၇၀ မကျော်စေရဟူသည့်အချက်ကို ဖြည့်စွတ်လိုကြောင်း ပြည်ခိုင်ဖြိုးပါတီ မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၅ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ပုဒ်မခွဲများအပေါ် ဆွေးနွေးရာ တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၅၉(ဂ)မှာ ဦးထွန်းထွန်းဟိန်က ရွေး ချယ်တင်မြှောက်ခံရသူသည် အနည်းဆုံး အသက် ၄၀ နှစ်ပြည့်ပြီးသူဖြစ်ရမယ်ဆိုတာကို သဘောတူပါတယ်။ ဖြည့်စွတ်ချင်တာကတော့ အသက် ၇၀ ထက်မကျော်စေရဆိုတဲ့ အချက်ပါပဲ။သူငယ်ပြန်တက်တဲ့အရွယ်တွေ တိုင်းပြည်ကို ဦးဆောင်ပြီးတော့မှ  ကမောက်ကမ မဖြစ်စေရန် ဖြစ်ပါတယ်”ဟု ဦးမောင်မြင့်က ပြောကြားသည်။

အခြေခံဥပဒေမူလပြဋ္ဌာန်းချက်ပါ ပုဒ်မ ၅၉(ဂ)တွင် ရွေးချယ်တင်မြောက်ခံရသူသည် အနည်းဆုံးအသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရ မည်ဟု ပြဋ္ဌာန်းထားပြီး ဦးထွန်းထွန်းဟိန်ပါ အဖွဲ့က ယင်းပုဒ်မအား ပြင်ဆင်ချက်တွင် ရွေး ချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၀ နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟု ပြင်ဆင်ချက် တင်သွင်းထားသည်။

“၅၉(စ)ကတော့ နိုင်ငံရဲ့အသက်ပါ။ ၄၇ ခုနှစ်က ဗိုလ်ချုပ်တို့ ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေစာ ၅၉(စ)ရဲ့ မြစ်ဖျားခံရာပဲဖြစ်ပါတယ်။ ဒါကြောင့် ဦးထွန်းထွန်းဟိန်က ပယ်ဖျက်ဖို့ ပြောတာဟာ အင်မတန်မှ စိတ်ပျက်စရာ ကောင်းပါတယ်။ မူလပြဋ္ဌာန်းချက်နဲ့တောင် မလုံလောက်လို့ ကျွန်တော်ရဲ့ပြင်ဆင်ရန် တင်ပြချက်ကတော့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ကျေးဇူးတော်ကို ခံယူစောင့်ရှောက်ရိုသေ ခဲ့ဖူးသူ၊ မူလရိုသေသူပါ။ ဒါပေမဲ့လည်း အ တိတ်ကဖြစ်ခဲ့တယ်ဆိုရင် အတိတ်က ဖြစ်စဉ်တွေကြောင့်မို့လို့ သူသည် နိုင်ငံခြားတိုင်းပြည်တွေ မကင်းနိုင်ပါဘူး။ ဒါကို တင်ပြရခြင်းပဲ ဖြစ်ပါတယ်။ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်ခဲ့ဖူးသူ၊ တိုင်းတစ်ပါးနိုင်ငံ သားဖြစ်ခဲ့ဖူးသူ၊ နောက်တစ်ချက်ကတော့ ပြီးခဲ့တဲ့ရက်က ကော့မှူးကိုသွားတဲ့အချိန်မှာ ဒေသခံတစ်ယောက်တင်ပြချက်ပါ။ အဲဒါက တော့ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ သြဇာကို မဆန်လွန်လိုသူသော်လည်းကောင်း အဲဒါတွေကို ဖြည့်စွတ်ပြီး တင်ပြအပ်ပါတယ်” ဟု ဦးမောင်မြင့်က ပြောကြားသည်။

ထို့ပြင် ပုဒ်မ ၄၃၆ (က) သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဓိကကျသည့်ပုဒ်မဖြစ်ကြောင်း၊ မူလပြဋ္ဌာန်းချက်က ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလျှင် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပပြီး မဲပေးခွင့်ရှိသူ၏ ထက်ဝက် ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဖြစ်ပြီး ဦးထွန်းထွန်းဟိန်က ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံပါက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန်ဟု ပြင် ဆင်တင်ပြထားကြောင်း ဦးမောင်မြင့်က ပြောကြားသည်။

“ဒီနေရာမှာ All Inclusive  ဆိုတာကို ဦးထွန်းထွန််းဟိန်က မေ့သွားတယ်ထင်ပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်တွေကို ချန်လှပ်ထားလို့ရတာက ရွေး ချယ်ခံတွေအနက် ပြည်သူ့လွှတ်တော်နဲ့ အမျိုး သားလွှတ်တော်တို့မှာ ဒုတိယသမ္မတလောင်း ရွေးချယ်ရာမှာ မဲမပေးရတာနဲ့ လစာကို လွှတ် တော်က မပေးဘဲ နေလို့ရတာ နှစ်ခုပဲရှိပါ တယ်။ ကျန်တာကို ချန်ထားလို့မရပါဘူး”ဟု ဦးမောင်မြင့်က ပြောကြားသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးက ပုဒ်မ ၅၉(စ) နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတသည် နိုင်ငံ၏ အမျိုးသား ခေါင်းဆောင် ဖြစ်သည့်အားလျော်စွာ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ ဒို့တာဝန်အရေး သုံးပါးနှင့် နိုင်ငံတော် တိုးတက်ကြီးပွားရေးများ ကို ကျွမ်းကျင်ထိရောက်ပြတ်သားစွာ စွမ်းစွမ်း တမံဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်ဖြစ်ရမည့်အ ပြင် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေသူဖြစ်ရမည်ဖြစ်ကြောင်း၊ ထို့ ပြင် သူ့ကျွန်မဖြစ်ရေး၊ ပြည်ပသြဇာခံမဖြစ်ရေး၊ ပြည်သူများယုံကြည်အားထားနိုင်ပြီး သံသ ယမပွားစေနိုင်ရေးအတွက် သမ္မတ၏ မိသား စုများကပါ နိုင်ငံတော်နှင့် နိုင်ငံသားအပေါ် သိစ္စာစောင့်သိရိုသေသူဖြစ်ရန်နှင့် တိုင်းရင်း သားစစ်စစ်တွေကသာ သမ္မတဖြစ်ရေးအတွက် ကန့်သတ်ပြဋ္ဌာန်းထားတာဖြစ်ခြင်းကြောင့် ပုဒ်မ ၅၉(စ)ပယ်ဖျက်ခြင်းကို လုံးဝ ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့သည်။

Most Read

Most Recent