ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် လွန်ထားသည့်ကတိကို တည်ချင်သဖြင့် ကသောကမျောနှင့် အရွေ့ကြမ်းကြမ်းရွေ့သည်ဟုမြင်ကြောင်းပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် လွန်ထားသည့်ကတိကို တည်ချင်သဖြင့် ကသောကမျောနှင့် အရွေ့ကြမ်းကြမ်းရွေ့သည်ဟုမြင်ကြောင်းပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 25 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ကျန်ရှိသည့်သက်တမ်းကာလ အတွင်း လွန် ထားသည့်ကတိကို တည်ချင်သဖြင့် ကသော ကမျောနှင့် အရွေ့ကြမ်းကြမ်းရွေ့ သည်ဟု မြင်ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ကရင်ပြည်နယ် မဲဆန္ဒနယ် အ မှတ် (၅) အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းသန်းနိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း များပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးရာ တွင် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်း နိုင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယနေ့ကာလ နိုင်ငံတော်ရဲ့ အခြေအ နေဟာ အပြန်အလှန် လေးစားအသိအမှတ် ပြုမှုနဲ့ ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ လက်ခံလာနိုင်တဲ့ အခြေအနေရောက်အောင် တဖြည်းဖြည်းချင်း ရွေ့ရမယ့်အစား ကျန်ရှိတဲ့ သက်တမ်းကာလအတွင်းမှာ လွန်ထားတဲ့ ကတိကို တည်ချင်လွန်းလို့ ကသောကမျောနဲ့ အရွေ့ကြမ်းကြမ်း ရွေ့တယ်လိုပဲ မြင်မိပါ တယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း သန်းနိုင်က ပြောကြားသည်။

ယင်းသို့ အရွေ့အပေါ် တစ်ဖက်လူက မလိုက်နိုင်ခဲ့ပါက တည်ငြိမ်မှုအနေအထား ပျက်ယွင်းပြီး တိုင်းပြည်၏ အခြေအနေသည် ကောင်းကျိုးထက် ဆိုးကျိုးဖက်ကို တွန်းပို့သလိုဖြစ်သွားနိုင်သည်ကို သတိပေးတင်ပြဆွေး နွေးလိုကြောင်း ဦးစိုင်းသန်းနိုင်က ပြောကြား သည်။

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ များ၏ အရည်အချင်းသတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်သည့် ပုဒ်မ ၅၉(စ)ကို ဦးထွန်းထွန်းဟိန် ပါအဖွဲ့က ပယ်ဖျက်ထားကြောင်း၊ ၁၉၄၇ ခုနှစ် ဇွန် ၆ ရက် တိုင်းပြုပြည်ပြုလွှတ်တော်အစည်း အဝေးတွင် လမ်းမေတော်အမတ်ဖြစ်သူ ဦးအောင်ဆန်းအမည်ဖြင့် ဗိုလ်ချုပ်အောင် ဆန်းကိုယ်တိုင် ပုဒ်မ ၅၉(စ)ကဲ့သို့ ပြဋ္ဌာန်း ချက်ကို အဆိုပြုတင်သွင်းခဲ့သဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အဆိုပါပြဋ္ဌာန်းချက်ပါဝင်လာခဲ့ခြင်းဖြစ် ကြောင်း ဦးစိုင်းသန်းနိုင်က ပြောကြားသည်။

ထို့ပြင် ဦးထွန်းထွန်းဟိန်ပါအဖွဲ့၏ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်းပါ ပြင်ဆင်ချက်များမှ အဓိအားဖြင့် တပ်မတော် ၏ နိုင်ငံရေးတွင် ပါဝင်မှုအချိုးအစားကို လျှော့ချပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက  အပ် နှင်းထားသည့် တပ်မတော်၏ အခန်းကဏ္ဍကို ကန့်သတ်လျှော့ချပိတ်ပင်လိုသည့် သဘော ထားကို မြင်ကြောင်း၊ နိုင်ငံတော်အလံပုံစံ ပြောင်းလဲခြင်းကို သဘောမတူကြောင်း ဦးစိုင်းသန်းနိုင်က ပြောကြားသည်။

“ယခုတလော ပြည်သူအများ စိုးရိမ်ပူ ပန်နေကြသလို ကျွန်တော်အပါအဝင် လွှတ် တော်ကိုယ်စားလှယ်များရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေဟာ ဒီတစ် ခါတော့ ငါတို့အလှည့်ရောက်ပြီးဟေ့ဆိုတဲ့  Emotion နဲ့ လာမယ့် Election အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ရှေး ရှုသော စေတနာမှန်သော ဆောင်ရွက်ချက် များသာ ဖြစ်သင့်ကြောင်း ဆန္ဒပြုတိုက်တွန်းပါ တယ်”ဟု ဦးစိုင်းသန်းနိုင်က ပြောကြားသည်။

ထို့နောက်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၏ ဆွေးနွေးချက်တွင် ပါရှိ သည့် စကားလုံးအချို့ကို ပယ်ဖျက်ပေးရန် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်ပြခဲ့ပြီး လွှတ်တော် နာယကဦးတီခွန်မြတ်က ဆွေးနွေးချက် လုံးကောက်များကို ပြန်ကြည့်၍ မသင့်လျော် မကိုက်ညီပါက ပယ်ဖျက်မည် ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။