ကစားသမားများ၏ စိတ်ထဲတွင် ရိုးမားနှင့် လီဗာပူးလ် ရှိနေသည်ဟု ဆယ်တီယန် ဆို

ကစားသမားများ၏ စိတ်ထဲတွင် ရိုးမားနှင့် လီဗာပူးလ် ရှိနေသည်ဟု ဆယ်တီယန် ဆို
Photos : UEFA
Photos : UEFA
Published 25 February 2020

 

ဘာစီလိုနာနည်းပြ ဆယ်တီယန်က အသင်းမှ ကစားသမားများ၏ စိတ်ထဲတွင် ရိုးမားနှင့် လီဗာပူးလ်အသင်းတို့ ရှိ နေသည်ဟု နာပိုလီနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် လီဗာပူးလ်ကို (၀-၄)ဂိုးဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသလို၊ ၂၀၁၇-၁၈ ရာသီ ကွာတားဖိုင်နယ်တွင်လည်း ရိုးမားကို အဝေးကွင်း၌ (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ 

ဆယ်တီယန်က ''ဒီအကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်းပဲ ပြောဖြစ်ခဲ့ပေမယ့် ကစားသမားတွေရဲ့ စိတ်ထဲမှာ ဖျောက်လို့ မရနိုင်သေးတာတော့ သေချာပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အသင်းက ယုံကြည်မှုအပြည့်ရှိနေပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ပထမဆုံးချန်ပီယံလိဂ်အတွေ့အကြုံဖြစ်တာကြောင့် စိတ်လှုပ်ရှားနေတာအမှန်ပါပဲ''ဟု ဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ဖလားကို ၂၀၁၄-၁၅ ရာသီက နောက်ဆုံးရရှိထားခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent