မက်ဆီကို ထိန်းချုပ်ရန် လှောင်အိမ်မလိုအပ်ဟု ဂတ်တူဆို ပြောကြား

မက်ဆီကို ထိန်းချုပ်ရန် လှောင်အိမ်မလိုအပ်ဟု ဂတ်တူဆို ပြောကြား
Photos: UEFA
Photos: UEFA
Published 25 February 2020

 

နာပိုလီအသင်းနည်းပြ ဂတ်တူဆိုက ဘာစီလိုနာနှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲတွင် မက်ဆီကို ထိန်းချုပ်ရန် လှောင်အိမ်မလိုအပ်ဟု ပြောကြားခဲ့သည်။ 

နာပိုလီအသင်းအနေဖြင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို တားဆီးနိုင်ရန် လှောင်အိမ်တစ်ခု ပြင်ဆင်ထားသင့်သည်ဟု မီဒီယာအချို့က ရေးသားခဲ့သဖြင့် ဂတ်တူဆိုက ယခုကဲ့သို့ တု့ံပြန်ခဲ့ခြင်းလည်း ဖြစ်သည်

ဂတ်တူဆိုက မိမိတို့အနေဖြင့် မက်ဆီတစ်ဦးတည်းအတွက် ပြင်ဆင်ထားခြင်းမရှိဘဲ ဘာစီလိုနာတစ်သင်းလုံး ကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း၊ မိမိလိုချင်သည်မှာ ပြိုင်ဘက်ကို ကြောက်ရွံ့ခြင်းကင်းစွာ ယှဉ်ပြိုင်ကစားမည့်အသင်း၊ ပွဲအစအဆုံး ကစားသမားတစ်ဦးနှင့်တစ်ဦး ကူညီထောက်ပံ့ပေးနိုင်သည့် အသင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

နာပိုလီအသင်းခေါင်းဆောင် အင်ဆစ်ဂ်နီကမူ '' မက်ဆီဟာ ယနေ့အချိန်ခါမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ ဒါပေမဲ့ ကျွန်တော်တို့လို နီယာပိုလီတန်(နေပယ်)သားတွေအတွက် မာရာဒိုနာက အရာအားလုံးပါပဲ။ ပြီးတော့ သူတို့ကို နှိုင်းယှဉ်တာမျိုး ကျွန်တော်မလုပ်ချင်ပါဘူး။ မာရာဒိုနာဟာ ကြောက်လန့်စရာကောင်းသူပါ''ဟု မှတ်ချက်ပြုခဲ့သည်။

နာ ပိုလီပရိသတ်များကမူ နေပယ်သို့ ရောက်လာသော မက်ဆီကို သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent