အမှုများ မှန်မှန်မြန်မြန် စစ်ဆေးနိုင်ရန် နိုင်ငံတကာတရားစီရင်ရေးစနစ်များ လေ့လာ၍ မှုခင်းစီမံခန့်ခွဲမှုစနစ်ကို ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိဟု ပြည်ထောင်စ တရားလွှတ်တော်ချုပ် တရားသူကြီး ပြောကြား

အမှုများ မှန်မှန်မြန်မြန် စစ်ဆေးနိုင်ရန် နိုင်ငံတကာတရားစီရင်ရေးစနစ်များ လေ့လာ၍ မှုခင်းစီမံခန့်ခွဲမှုစနစ်ကို ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိဟု ပြည်ထောင်စ တရားလွှတ်တော်ချုပ် တရားသူကြီး ပြောကြား
ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားနေသည့် တရားသူကြီး ဦးမျိုးတင့်ကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားနေသည့် တရားသူကြီး ဦးမျိုးတင့်ကို တွေ့ရစဉ်
Published 25 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

အမှုများ မှန်မှန်မြန်မြန် စစ်ဆေးနိုင်ရန် နိုင်ငံတကာ တရားစီရင်ရေးစနစ်များ လေ့လာ၍ မှုခင်းစီမံခန့်ခွဲမှုစနစ်ကို ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြားအရင်းအမြစ်များ တင်ပြတောင်းခံရန်နှင့် ပြည်ထောင်စုအစိုးရက ပံ့ပိုးပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ယင်းကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မှုခင်းစီမံခန့်ခွဲမှုစနစ်ကို တစ်နိုင်ငံလုံး တရားရုံးများမှာ ကျင့်သုံးဖို့ အစီအမံချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှာ တစ်ပြည်လုံး ဒီစနစ်ကို အကောင်အထည်ဖော် ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစနစ်ရဲ့ရည် ရွယ်ချက်ကတော့ မလိုလားအပ်တဲ့ရုံးချိန်း တွေ မလိုလားအပ်တဲ့အမှုကြန့်ကြာမှုတွေ နည်းပါးအောင် ရှိတဲ့လူအင်အားနဲ့ အကောင်း ဆုံးဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက် တာဖြစ်ပါတယ်”ဟု တရားသူကြီး ဦးမျိုးတင့် က ပြောကြားသည်။

ယင်းစနစ်ကိုကျင့်သုံးပါက လိုအပ်သည့် လူအရေအတွက်ကို ထိုက်သင့်သလောက် လျော့နိုင်မည်ဖြစ်ပြီး တစ်ဖက်တွင် တရားရုံး က ဦးဆောင်သော စေ့စပ်ညှိနှိုင်းဖြန်ဖြေသည့် စနစ်ကို မြို့နယ်တရားရုံးအချို့တွင် ရှေ့ပြေး အဖြစ် ဆောင်ရွက်လျက်ရှိကာ တစ်ဖက်တွင် အမှုသည်အချင်းချင်း တရားရုံးကို ရောက် လာပြီး အချင်းအချင်းစေ့စပ်ညှိနှိုင်း၍ကျေ အေးပြီးပြတ်ပါက တရားရုံးများတွင် လက်ခံ စစ်ဆေးမည့်အမှုများ လျော့နည်းသလို အမှု သည်များလည်း တရားရုံးလာရသည့်အချိန် လျော့နည်းစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရားသူကြီး ဦးမျိုးတင့်က  ပြောကြားသည်။

“တရားရုံးများအနေနဲ့ လူ့စွမ်းအားအ ရင်းအမြစ်အရေအတွက်ကို တစ်ဖက်က ဖြည့် ဆည်းပေးဖို့ နိုင်ငံတော်အစိုးရကို သတ်မှတ် ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ တင်ပြနေ သလို တစ်ဖက်ကလည်း လူ့စွမ်းအား လူဦးရေ အရေအတွက် လျှော့ချရေးစနစ်တွေကိုလည်း စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု တရားသူကြီး ဦးမျိုးတင့်က ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်အနေဖြင့် တရားခွင်များအားလုံးတွင် ကွန်ပျူတာအသုံးပြုနိုင်ရေး ဦးတည်ချက်ရှိသော်လည်း မြန်မာနိုင်ငံရှိ တရားရုံးများကို ကွန်ပျူတာ မပေးနိုင်သေးကြောင်း၊ လက်ရှိနိုင်ငံတော် အခြေအနေကြောင့် မဖြည့်ဆည်းပေးနိုင်သော်လည်း နှစ်အလိုက် ဘဏ္ဍာငွေကို တောင်းခံပြီး ဖြည့်ဆည်းလျက်ရှိကြောင်း တရားသူကြီး ဦးမျိုးတင့်က ပြောကြားသည်။

“နောက်တစ်ခုက ပြောင်းလဲလာတဲ့ နည်းပညာတွေအရ တရားရုံးတွေမှာ တင် သွင်းလာတဲ့ ဒစ်ဂျစ်တယ်သက်သေခံတွေ ဒီလိုဟာတွေကို တရားရုံးကို တင်သွင်းလာရင် လက်ခံထိန်းသိမ်းခြင်း၊ ဖွင့်ကြည့်ဖို့အတွက်  လိုအပ်တဲ့စက်ပစ္စည်းတွေ လိုပါတယ်။ ဒါတွေ ကိုလည်း ကျွန်တော်တို့ တရားရုံးတွေမှာ အ စီအမံကျပြီး နှစ်အလိုက် တဖြည်းဖြည်းချင်း  လျာထားဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်” ဟု တရားသူကြီး ဦးမျိုးတင့်က ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်အနေဖြင့် ခေတ်မီသည့်အထောက်အကူ ပစ္စည်းများကို သုံးစွဲပြီး ဝန်ထမ်းအင်အားကို လျှော့ချနိုင်အောင် စီမံဆောင်ရွက်ရှိသလို ပြည်ထောင်စုအစိုးရအဖွဲ့၏ နှစ်စဉ်တောင်း ခံလျက်ရှိသည့် ရန်ပုံငွေများကို ဝန်ထမ်းအင် အားဖြည့်ဆည်းခြင်း၊ လိုအပ်သည့် အထောက် အကူအရင်းအမြစ်များကို ဖြည့်သွားမည်ဖြစ် ကြောင်း ၎င်းင်းက ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အ နေဖြင့် အမှုများကို စစ်ဆေးစီရင်ရာတွင် မူလတရားရုံးဖွဲ့စည်းပုံအရ အရာထမ်း၊ အမှု ထမ်း စုစုပေါင်း ၈၈၂၄ ဦးဖြစ်ပြီး လက်ရှိခန့် ထားသည့်အရေအတွက်မှာ ၅၂၈၃ ဦးဖြစ် သည့်အတွက် ၃၅၄၁ ဦးလိုအပ်ရှိသော်လည်း ပြောင်းလဲလာသည့် နိုင်ငံရေးစနစ်အရ တရား ရုံးများကို ပြုပြင်ပြောင်းလဲလျက်ရှိရာ ပြည် ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ပထမသုံးနှစ်စီမံကိန်းအဖြစ် ၂၀၁၅-၂၀၁၇ မဟာဗျူဟာစီမံကိန်း၊ ဒုတိယစီမံကိန်းအဖြစ် ၂၀၁၈-၂၀၂၂ မဟာဗျူဟာစီမံကိန်း ဆောင်ရွက်လျက်ရှိကြောင်း တရားသူကြီး ဦးမျိုးတင့် က ပြောကြားသည်။