Twitter တွင် Tweet တစ်ကြိမ်ပြုလုပ်တိုင်း ဝင်ငွေအများဆုံးရရှိသည့် အားကစားသမားအဖြစ် စီရော်နယ်လ်ဒို ထိပ်ဆုံးနေရာရပ်တည်

Twitter တွင် Tweet တစ်ကြိမ်ပြုလုပ်တိုင်း ဝင်ငွေအများဆုံးရရှိသည့် အားကစားသမားအဖြစ် စီရော်နယ်လ်ဒို ထိပ်ဆုံးနေရာရပ်တည်
Photos: Ronaldo Twitter
Photos: Ronaldo Twitter
Published 23 February 2020

၎င်းအနေဖြင့် အားကစားသမားများအနက် Follower အများ ဆုံးအဖြစ် ရပ်တည်နေသော်လည်း ထင်ရှားကျော်ကြား လူပုဂ္ဂိုလ်စာရင်းတွင်မူ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား (၁၁၃ ဒသမ ၂ သန်း)၊ စူပါစတား ပေါ့ပ်ဂီတကြယ် ပွင့်များဖြစ်သည့် ဂျပ်စတင်ဘီဘာ (၁၀၉ ဒသမ ၇ သန်း)၊ ကေတီပယ်ရီ (၁၀၈ ဒသမ ၄ သန်း)၊ ရီဟန်းနား (၉၅ ဒသမ ၇ သန်း)၊ တေလာဆွစ်ဖ် (၈၅ ဒသမ ၇ သန်း) တို့၏နောက် အဆင့် ၆ နေရာ၌သာ ရပ်တည်လျက်ရှိသည်။

 

ဂျူဗင်တပ်စ်အသင်းတိုက်စစ် မှူး စီရော်နယ်လ်ဒိုသည် Twitter လူမှုမီဒီယာတွင် Tweet တစ်ကြိမ် ပြုလုပ်တိုင်း ဝင်ငွေအများဆုံးရရှိသည့် အားကစားသမားအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ယင်းစစ်တမ်းကို အမေရိကန်အခြေစိုက် အားကစားဆိုင်ရာလူမှုမီဒီယာ စျေးကွက်မြှင့်တင်ရေးပလက်ဖောင်းတစ်ခုဖြစ်သည့် Opendorse က ထုတ်ပြန်ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုသည် ကမ္ဘာတစ်ဝန်းရှိ အားကစားသမားများအနက် Tweet တစ်ကြိမ် ပြုလုပ်ခြင်းအတွက် ဝင်ငွေအများဆုံး ရရှိသူအဖြစ် ရပ်တည်နေကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် Twitter တွင် Follower အရေ အတွက် ၈၂ ဒသမ ၇ သန်းအထိ ပိုင်ဆိုင်ထားပြီး အားကစားသမားများအနက် Follower အများဆုံး အဖြစ်လည်း ရပ်တည်လျက်ရှိသည်။ 

၎င်းသည် Nike၊ DAZN၊ Herballife စသည့် ကမ္ဘာကျော်ကုမ္ပဏီများ နှင့် ကမ္ဘာလုံးဆိုင်ရာ စပွန်ဆာစာချုပ်များ ချုပ်ဆိုထားသောကြောင့် Tweet တစ်ကြိမ်ပြုလုပ်ပါက ဒေါ်လာ ၈၆၈၆၀၄ (ပေါင် ၅၁၆၀၀၀) ရရှိ ကာ ဝင်ငွေအများဆုံးအားကစားသမားအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ ၎င်းအနေဖြင့် အားကစားသမားများအနက် Follower အများ ဆုံးအဖြစ် ရပ်တည်နေသော်လည်း ထင်ရှားကျော်ကြား လူပုဂ္ဂိုလ်စာရင်းတွင်မူ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား (၁၁၃ ဒသမ ၂ သန်း)၊ စူပါစတား ပေါ့ပ်ဂီတကြယ် ပွင့်များဖြစ်သည့် ဂျပ်စတင်ဘီဘာ (၁၀၉ ဒသမ ၇ သန်း)၊ ကေတီပယ်ရီ (၁၀၈ ဒသမ ၄ သန်း)၊ ရီဟန်းနား (၉၅ ဒသမ ၇ သန်း)၊ တေလာဆွစ်ဖ် (၈၅ ဒသမ ၇ သန်း) တို့၏နောက် အဆင့် ၆ နေရာ၌သာ ရပ်တည်လျက်ရှိသည်။

စီရော်နယ်လ်ဒိုပြီးလျှင် ဒုတိယမြောက် ဝင်ငွေအများဆုံးအားကစားသမားအဖြစ် ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေအသင်း၌ ကစားနေသည့် ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း အင်နီယေစတာက ၅၉၀၈၂၅ ဒေါ်လာ (ပေါင် ၄၅၆၀၀၀) ဖြင့် အံ့အားသင့်ဖွယ်ရပ်တည်လျက်ရှိပြီး PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာက ၄၇၈၁၃၈ ဒေါ်လာ (ပေါင် ၃၆၈၀၀၀) ဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။ NBA ကလပ် LA Lakers အသင်း၏ အမေရိကန် ဘတ်စကက်ဘောကစားသမား လီဘရွန်ဂျိမ်းစ်က ၄၇၀၃၅၆ ဒေါ်လာ (ပေါင် ၃၆၃၀၀၀)ဖြင့် စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ၎င်းအနေဖြင့် အမေရိကန်အားကစားသမားများအနက် ဝင်ငွေအကောင်းဆုံးဖြစ်နေကြောင်း သိရသည်။ Twitter ၌ Follower အများဆုံး အားကစားသမားစာရင်းတွင်လည်း စီရော်နယ်လ်ဒိုပြီးလျှင် နေမာက ၄၅ ဒသမ ၆ သန်းဖြင့် ဒုတိယ၊ လီဘရွန်ဂျိမ်းစ်က ၄၅ ဒသမ ၂ သန်းဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။

စီရော်နယ်လ်ဒိုသည် Twitter သာမက Instagram တွင်လည်း ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နေပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် ထုတ်ပြန်သည့်စာရင်းအရ ပို့စ်တစ်ခုအတွက် ဒေါ်လာ ၉၇၅၀၀၀ (ပေါင်ရ၅၄၀၀၀) အထိ ရရှိနေကြောင်း သိရသည်။ ၎င်းသည် Instagram တွင် Follower အရေအတွက် သန်း ၂၀၀ ပြည့်သည့် ပထမဆုံးလူပုဂ္ဂိုလ်အဖြစ်လည်း မှတ်တမ်းဝင်ထားသည်။

 

Most Read

Most Recent