သံဖြူဇရပ်တွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦးနှင့် ရန်နိုင်ထွန်း ပူးတွဲသရေကျ 

သံဖြူဇရပ်တွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦးနှင့် ရန်နိုင်ထွန်း ပူးတွဲသရေကျ 
Photos: MLC Facebook
Photos: MLC Facebook
Published 23 February 2020

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တိုင်ကျင်းပခဲ့ပြီး စိုးလင်းဦးနှင့် ရန်နိုင်ထွန်းတို့ တွဲဆိုင်းပါဝင်သောပွဲစဉ်ကို မနေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။ ရန်နိုင်ထွန်းသည် စိုးလင်းဦးကို ဆိုင်ထိုး၊ ပြိုင်ထိုးကာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပထမအချီမှ တတိယအချီအထိ စိုးလင်းဦး၏တိုက်စစ်ကို ဟန့်တားကာ အကောင်းဆုံး တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့သည်။ 

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပင ကျေးရွာရှိ ကော့ထောင်ကျောင်းဆရာတော် ဘုန်းကြီးပျံပွဲအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ထည့်သွင်းကျင်းပရာ စိုးလင်းဦးနှင့် ရန်နိုင်ထွန်း ပူးတွဲသရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တိုင်ကျင်းပခဲ့ပြီး စိုးလင်းဦးနှင့် ရန်နိုင်ထွန်းတို့ တွဲဆိုင်းပါဝင်သောပွဲစဉ်ကို မနေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။ ရန်နိုင်ထွန်းသည် စိုးလင်းဦးကို ဆိုင်ထိုး၊ ပြိုင်ထိုးကာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပထမအချီမှ တတိယအချီအထိ စိုးလင်းဦး၏တိုက်စစ်ကို ဟန့်တားကာ အကောင်းဆုံး တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့သည်။ 

သို့သော်လည်း စတုတ္ထအချီမှစတင်ကာ စိုးလင်းဦး၏ ထပ်ထိုး၊ ကပ်ထိုးသည့် လက်သီးချက်များကြောင့် ရန်နိုင်ဦး အငိုက်မိခဲ့ပြီး နောက်ဆုံးအချီအထိ တိုက်စစ် ပြန်မစနိုင်တော့ဘဲ စိုးလင်းဦးက လက်ရည်အသာဖြင့် အစီးသရေ ထိုးသတ်သွားခဲ့ခြင်း ဖြစ်သည်။ 

အခြားတွဲဆိုင်းများအဖြစ် ဒုတိယ ခေါင်ပွဲတွင် ကျော်စွာဝင်းနှင့် စောမင်းမင်းတို့ ယှဉ်ပြိုင်ရာ ဆိုင်ထိုး၊ ပြိုင်ထိုးခဲ့ပြီး ပွဲအပြီး တွင် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့သည်။စောမင်းကျော်နှင့် လျှမ်းတောက်တို့၏ တွဲဆိုင်းမှာလည်း ပူးတွဲသရေရလဒ်ထွက်ပေါ်ခဲ့ပြီး စစ်မင်းက စောစိုးဦးကို တတိယအချီတွင် အနိုင်ရခဲ့သည်။

အောင်စိုးမင်းနှင့် နက္ခမင်း တို့၏တွဲဆိုင်းမှာ ပူးတွဲသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ငြိမ်းချမ်းအောင်နှင့် ဇွဲမာန်အောင်တို့၏တွဲဆိုင်းတွင် ဇွဲမာန်အောင်က ဒုတိယအချီ ၌ အနိုင်ရခဲ့သည်။ လက်ဝှေ့စိန်ခေါ်ပွဲတွင် အနုပညာရှင်များ၏ဖျော်ဖြေမှု ပါဝင်ခဲ့သည်။

 

Most Read

Most Recent