လာလီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
Photo: Reuters
Photo: Reuters
Published 23 February 2020

အိုဆာဆူနာ - ဂရန်နာဒါ (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

ဒီနှစ်သင်းရဲ့ အင်အားချင်းရော အစဉ်အလာရလဒ်ပိုင်းတွေမှာ သိပ်မကွာလှဘူး။ အခုနောက်ပိုင်း အိုဆာဆူနာမှာ ဒဏ်ရာပြဿနာတွေများနေပြီး ရုန်းကန်လာရသလို တွေ့နေရပေမယ့် ဂရန်နာဒါကလည်း အဝေးကွင်းဆို နိုင်ပွဲရဖို့ခက်နေတဲ့အသင်းမျိုးဖြစ်နေတယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

 

အလာဗတ်စ် - ဘီလ်ဘာအို (တနင်္ဂနွေည ၇:၃၀ နာရီ)

လက်ရှိနှစ်သင်းစလုံးရဲ့ခြေစွမ်းက အတက်အကျရှိနေပြီး ပုံမှန်မဟုတ်ကြဘူး။ ဒါပေမဲ့ အလာဗတ်စ်ကတော့ အိမ်ကွင်းအမှားနည်းအောင် ပိုကစားတတ်သလိုတွေ့ရတယ်။ ဘီလ်ဘာအိုကလည်း အဝေးကွင်းမဆိုးပေမယ့် အခုတလော ဂိုးသွင်းအားပုံ မှန်မရှိဘူး။ ထိန်းကစားရင်းနဲ့ သရေကျဖို့များနေတယ်။

 

ဗယ်လာဒိုလစ် - အက်စ်ပန်ညို (တနင်္ဂနွေည ၉:၃၀ နာရီ)

အက်စ်ပန်ညိုတိုက်စစ်ကစားပုံ မဆိုးလှပေမယ့် ခံစစ်ကတော့ အားနည်းနေတုန်းပါပဲ။ အခုနောက်ပိုင်း အဝေးကွင်းမှာ တစ်ပွဲ (၂)ဂိုးနှုန်းလောက် ပုံမှန်ပေးနေရတဲ့ ကစားပုံမျိုးနဲ့တော့ အိမ်ကွင်းကစားပုံအားကောင်းတဲ့ ဗယ်လာဒိုလစ်ကို ကျော်ဖြတ်နိုင်ဖို့ ခက်နေဦးမှာ သေချာတယ်။ ၂၀၂၀ ခုနှစ်ထဲမှာ အိမ်ကွင်းနိုင် ပွဲမရသေးတဲ့ ဗယ်လာဒိုလစ် ဒီတစ်ပွဲတော့ နိုင်ပြီထင်ပါတယ်။ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

 

ဂီတာဖေး - ဆီဗီလာ (တနင်္ဂနွေည ၁၂:၀၀ နာရီ)

နှစ်သင်းစလုံး ယူရိုပါလိဂ်တစ်ဖက်နဲ့ အာရုံတွေမျှထားရတော့မယ့်အချိန် ဖြစ်နေပါပြီ။ လတ်တလောခြေစွမ်းတွေအရတော့ ဆီဗီလာက အခုတလော ကစားပုံအနည်းငယ်လျော့နေတာတွေ့ရတယ်။ အထူးသဖြင့် အခုနောက်ပိုင်းပွဲတွေမှာ ဆီဗီလာ ခံစစ်အားလျော့လာနေတာကို တွေ့ရတယ်။ အဝေးကွင်းကစားပုံ အမှားများလာပြီး ပြိုင်ပွဲစုံ အဝေးကွင်း (၃)ပွဲဆက်ရှုံးထားခဲ့တယ်။ ဂီတာဖေးကတော့ ဆီဗီလာထက်စာရင် ခြေစွမ်းပိုင်းပိုငြိမ်ပြီး ကစားပုံဟန်ချက်လည်း ပိုမျှနေတာတွေ့ရတယ်။ လက်ရှိအခြေအနေအရတော့ ဂီတာဖေးနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

 

အက်သလက်တီကို - ဗီလာရီးယဲလ် (တနင်္လာနံနက် ၂:၃၀ နာရီ)

ဒီနှစ်သင်း ပထမအကျော့ ဗီလာရီးယဲလ်ကွင်းမှာ သရေကျထားသလို အစဉ်အလာတွေအရလည်း တစ်သင်းနဲ့တစ်သင်း အပြန်အလှန်နဲ့ သိပ်မကွာကြဘူး။ အက်သလက်တီကိုက ဒီပွဲမတိုင်ခင် ချန်ပီယံလိဂ်မှာ လီဗာပူးလ်နဲ့ကစားထားရလို့ ပွဲပန်းနေမှုတော့ရှိနေနိုင်တယ်။ ပြီးတော့ အက်သလက်တီကို တိုက်စစ်ပိုင်းက အားရစရာမရှိသေးတာတွေအရဆိုရင်တော့ ဒီပွဲလည်း အိမ်ကွင်းဆိုပေမယ့် ဗီလာရီးယဲလ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာပါပဲ။ ဗီလာရီးယဲလ်ကလည်း အဝေးကွင်းဆိုရင် ခံစစ်အားနည်းမှုက ပိုသိသာပြီး ဒီအချက်ကပဲ အက်သလက်တီကိုအတွက် အခွင့်အရေးပြန်ဖြစ်သွားနိုင်တယ်။ လက်ရှိအ ချိန်မှာလည်း အက်သလက်တီကိုအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရေးကြီးနေချိန်ဖြစ်လို့ အခုအိမ်ကွင်းပွဲမှာ နိုင်ပွဲရဖို့ သတိကြီးကြီးထားကစားလာနိုင်တယ်။ ဗီလာရီးယဲလ်ခံစစ်ကို အက်သလက်တီကိုတိုက်စစ်က အခွင့်အရေးယူနိုင်၊ မယူနိုင်ဆိုတာပဲ ဒီပွဲရဲ့အဖြေဖြစ်နိုင်တယ်။ ဂိုးနည်းသရေပွဲပဲထင်တယ်။

 

Most Read

Most Recent