ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 23 February 2020

မန်ယူ - ဝက်ဖို့ဒ် (တနင်္ဂနွေည ၈:၃၀ နာရီ)

လီဗာပူးလ်၊ ဘန်လေတို့ကို ရှုံးပြီး ဝုလ်ဗ်နဲ့ပွဲမှာလည်း ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့တဲ့ မန်ယူက နိုင်နေကျဖြစ်တဲ့ ချယ်လ်ဆီးနဲ့ပွဲမှာတော့ သက်သောင့်သက်သာကစားပြီး အနိုင်ရခဲ့တယ်။ VAR အပေါ် အငြင်းပွားစရာတချို့ရှိပေမယ့် မန်ယူကစားတာ ကောင်းပါတယ်။ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်မလားဆိုတာကိုတော့ ယုံကြည်လို့မရဘူး။ ဒါပေမဲ့ အိမ်ကွင်းဖြစ်နေတဲ့အပြင် ဝက်ဖို့ဒ်နဲ့ ကစားရမှာဖြစ်လို့ နိုင်ပွဲယူနိုင်မှာပါ။ 

ဝုလ်ဗ် - နောဝစ်ချ် (တနင်္ဂနွေည ၈:၃၀ နာရီ)

စပါးပွဲကျပ်၊ လက်စတာပွဲကျပ်နေတဲ့အချိန်မှာ ရှက်ဖီးယူနိုက်တက်၊ မန်ယူ၊ ဝုလ်ဗ် တို့လိုအသင်းတွေက ရလဒ်ကောင်းရအောင် ကြိုးစားကြလိမ့်မယ်။ လက်ရှိရပ်တည်မှုကိုကြည့်ရင် အပေါ်ကအသင်းတွေနဲ့ သိပ်မကွာတာကြောင့် အခွင့်အရေးလည်းရှိနေတယ်။ ဒါပေမဲ့ ဒီလိုပွဲမျိုးတွေမှာ အမှားမလုပ်ဘဲ အနိုင်ကစားနိုင်ဖို့လိုတယ်။ လက်ရှိရလဒ်ပိုင်းကျနေတာက ပွဲကျပ်နေတာကြောင့်လို့ ပြောလို့ရပြီး၊ ဒီပွဲကိုတော့ ဝုလ်ဗ် အနိုင်ကစားမှာပါ။ 

အာဆင်နယ် - အဲဗာတန် (တနင်္ဂနွေည ၁၁:၀၀ နာရီ)

သရေပွဲတွေဆက်တိုက်ကြုံနေတဲ့ အာဆင်နယ်က နယူးကာဆယ်နဲ့ ပွဲမှာတော့ အကောင်းဆုံးပုံစံကို မြင်ခဲ့ရတယ်။ ကွင်းလယ်မှာ လူထုတ်ပုံမှန်ရင် ခံစစ်နဲ့ တိုက်စစ်ကိုပါ အထောက်အကူပြုပြီး နယူးကာဆယ်နဲ့ပွဲက ကွင်းလယ်အခင်းအကျင်းမျိုးကို အာတီတာ အထိုင်ချသင့်တယ်လို့ မြင်တယ်။ အဲဗာတန်က အာဆင်နယ်ထက်ခြေစွမ်းပိုကောင်းပြီး၊ ပိုငြိမ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ် ဒီပွဲကို အနိုင်ကစားလိမ့်မယ်။ 

 

Most Read

Most Recent