ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ စုံညီအစည်းအဝေး ရလဒ်ကောင်းပါက ၂၁ ရာစုပင်လုံ အောင်မြင်စွာ ကျင်းပရေးအတွက် အထောက်အပံ့ ဖြစ်စေမည်ဟု UPDJC အဖွဲ့ခေါင်းဆောင် ပြောကြား

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ စုံညီအစည်းအဝေး ရလဒ်ကောင်းပါက ၂၁ ရာစုပင်လုံ အောင်မြင်စွာ ကျင်းပရေးအတွက် အထောက်အပံ့ ဖြစ်စေမည်ဟု UPDJC အဖွဲ့ခေါင်းဆောင် ပြောကြား
(NCA-S EAO) များ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်စဉ်
(NCA-S EAO) များ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်စဉ်
Published 20 February 2020
မင်းနိုင်စိုး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) များ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး အားလုံးပါဝင်သော UPDJC စုံညီအစည်းအဝေးတွင် ရလဒ်ကောင်းပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေး အောင်မြင်စွာ ကျင်းပရေးအတွက် အထောက်အပံ့ ဖြစ်စေမည်ဟု NCA-S EAO UPDJC အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“လာမယ့် UPDJC စုံညီအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှု ကောင်းတွေကို ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။ UPDJC အစည်းအဝေး ရလဒ်ကောင်းတွေရရှိရင် ၂၁ ရာစုပင်လုံ အောင်မြင်စွာ ကျင်းပရေး အတွက်လည်း အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် NCA စာချုပ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွင် အဓိကကျသော ယန္တရားတစ်ခု ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စွာ အောင်မြင်ရေးသည် UPDJC ၏ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကြီးကြပ်လမ်းညွှန်မှု၊ သမာသမတ်ကျမှု၊ ဖိဖိစီးစီး လုပ်ငန်းဆောင်ရွက်မှုတို့အပေါ် များစွာမူတည်နေကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် JICM အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အစိုးရနှင့် NCA-S EAO များအကြား တရားဝင် အစည်းအဝေး နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးများတွင် ပင်လုံညီလာခံအတွက် လိုအပ်သော အစည်းအဝေးများ ပြုလုပ်သွားရန် သဘောတူထားသည့်အတွက် ယခုအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပရေးအတွက် ပြင်ဆင်ရေး၊ ကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးများ ကျင်းပရေးနှင့် UPDJC စုံညီအစည်းအဝေးအတွက် ပြင်ဆင်ရေး လုပ်ငန်းများကို ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA စာချုပ် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်လာနိုင်ရေးနှင့် ပတ်သက်သည့် အခင်းအကျင်းများကို အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး အဆိုပါ အစည်းအဝေးများမှ သိလာရသော အစိုးရ၏ သဘောထားများကို ယခုအစည်းအဝေးတွင် ပြန်လည်သုံးသပ် ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့သည်။

Most Read

Most Recent