ချီလီနီအား စာချုပ်သက်တမ်းတိုးရန် ဂျူဗင်တပ်စ်အသင်း စီစဉ်

ချီလီနီအား စာချုပ်သက်တမ်းတိုးရန် ဂျူဗင်တပ်စ်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 19 February 2020

ဂျူဗင်တပ်စ်အသင်းသည် အသင်း၏ အီတလီဝါရင့်နောက်ခံလူ ချီလီနီအား စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ 

ဂျူဗင်တပ်စ်အသင်းသည် အသင်း၏ အီတလီဝါရင့်နောက်ခံလူ ချီလီနီအား စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ 

အသက် (၃၅)နှစ်အရွယ်ရှိ ချီလီနီသည် ယခုရာသီအစတွင် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ခြင်းကြောင်း ကာလရှည်အနားယူခဲ့ရပြီး ပြီးခဲ့သည့် ဘရက်စီယာအသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းနှင့် ချီလီနီ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းက ၎င်းကို တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် အသင်းတွင် ဒီလစ်တို့ကဲ့သို့ လူငယ်နောက်ခံလူများ ရှိသော်လည်း ချီလီနီမှာ အသင်း၏ ခံစစ်အတွက် အားထားရဆဲဟု ယုံကြည်သည့်အတွက် ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ချီလီနီက မိမိအနေဖြင့် ဒဏ်ရာဖြင့် ရုန်းကန်ခဲ့ရသည့် အဆိုးရွားဆုံးအခြေအနေမှာ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် အသင်းအတွက် အစွမ်းကုန်ကူညီပေးသွားမည်ဖြစ်ကြောင်း ဘရက်စီယာနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

ချီလီနီသည် ဂျူဗင်တပ်စ်အသင်းကို ၂၀၀၅ ခုနှစ်တွင် ရောက်လာခဲ့ပြီး (၁၅)နှစ်တာကာလအတွင်း ပြိုင်ပွဲစုံ (၅၀၈)ပွဲအထိ ကစားထားကာ အသင်းနှင့် ချန်ပီယံဆုဖလားများစွာ ရယူထားသည်။ 

 

Most Read

Most Recent