ဆွန်ဟောင်မင် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း မော်ရင်ဟို ပြောကြား

ဆွန်ဟောင်မင် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း မော်ရင်ဟို ပြောကြား
Photos: Reuters
Photos: Reuters
Published 18 February 2020

စပါးအသင်းနည်းပြ မော်ရင်ဟိုက အသင်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင်အနေဖြင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

စပါးအသင်းနည်းပြ မော်ရင်ဟိုက အသင်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင်အနေဖြင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

ဆွန်ဟောင်မင်သည် ဖေဖော်ဝါရီ (၁၆)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲ ဗီလာ (၂-၃) စပါးပွဲတွင် တံတောင်ဆစ်ရိုးကျိုး ဒဏ်ရာရရှိပြီး ယင်းဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း စပါးအသင်းက ထုတ်ပြန်ခဲ့သည်။ 

စပါးအသင်းတွင် အသင်း၏အဓိကတိုက်စစ်မှူး ဟာရီကိန်းမှာ ဒဏ်ရာကြောင့် အနားယူနေရပြီး ဆွန်ဟောင်မင်ကိုလည်း ယခုရာသီတွင် အားကိုး၍ရတော့မည်မဟုတ်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့သည်။ 

မော်ရင်ဟိုက "ဆိုင်မွန်(စပါးအသင်း၏ မီဒီယာတာဝန်ခံ)ကတော့ ထုတ်ပြန်ချက်ကို လှလှလေးလေးရေးတတ်တယ်ဗျာ။ ဆိုင်မွန်ရဲ့ အဆိုအရတော့ ကျွန်တော်တို့အနေနဲ့ ဆွန်ဟောင်မင်ကို ရက်သတ္တပတ်ပေါင်းများစွာ ဆုံးရှုံးရမယ်လို့ ဆိုပါတယ်။ သေချာကတော့ ကျွန်တော့်အနေနဲ့ ဒီရာသီမှာ ဆွန်ဟောင်မင်ကို အားကိုးလို့မရတော့ပါဘူး။ တကယ်လို့ ဆွန်ဟောင်မင်အနေနဲ့ ဒီရာသီမှာ ပြန်ကစားနိုင်မယ်ဆိုရင်တောင် နောက်ဆုံး (၂)ပွဲ၊ (၃)ပွဲလောက်မှပဲ ဖြစ်ပါလိမ့်မယ်။ ဆိုင်မွန်ကတော့ ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး အကောင်းမြင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဆွန်ဟောင်မင်ကို အားကိုးလို့ မရတော့ပါဘူး"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ (၃၂)ပွဲတွင် (၁၆)ဂိုး သွင်းယူထားသည်။ 

 

 

Most Read

Most Recent