ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းဆွေးနွေးရန် တပ်မတော်သား ကိုယ်စားလှယ် ၁၆၄ ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၈၂ ဦး အမည်စာရင်း ပေးသွင်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းဆွေးနွေးရန် တပ်မတော်သား ကိုယ်စားလှယ် ၁၆၄ ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၈၂ ဦး အမည်စာရင်း ပေးသွင်း
Published 18 February 2020

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းဆွေးနွေးရန် တပ်မတော်သား ကိုယ်စားလှယ် ၁၆၄ ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၈၂ ဦး အမည်စာရင်း ပေးသွင်းထားကြောင်း သတင်းရရှိသည်။

အဆိုပါ အမည်စာရင်း ပေးသွင်းထားမှုတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၆၉ ဦးနှင့် အခြား ပါတီများမှ ၄၉ ဦး ပါဝင်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၆၆ ဦး ရှိသည့်အနက် ၁၆၄ ဦး အမည်စာရင်း ပေးသွင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအ ကြိမ် ပြင်ဆင်ရန် တင်သွင်းထားသည့် ဥပဒေ မူကြမ်းခုနှစ်ခုမှပုဒ်မ ၄၃၆ (က) တွင် အကျုံး ဝင်သော ပုဒ်မများနှင့် ပုဒ်မ ၄၃၆ () တွင် အကျုံးဝင်သော ပြင်ဆင်ချက်များကို ပေါင်း စည်း၍  ဥပဒေမူကြမ်းနှစ်ခုအဖြစ် တွင်သွင်း ထားခြင်းသည်။

ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူ ကြမ်းများနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာကို လေ့လာစိစစ်ရေးပေါင်း ကော်မတီက လွှတ်တော်သို့တင်ပြခဲ့ပြီး ဆွေး နွေးမည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဖေဖော်ဝါရီ ၁၇ ရက် ညနေ နာရီ နောက် ဆုံး ထား၍ အမည်စာရင်းပေးသွင်းရန် ပြည် ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့သည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင် လိုလျှင် ၇၅ ရာခိုင်နှုန်းကျော်သော လွှတ် တော်ကိုယ်စားလှယ်များ၏ ထောက်ခံဆန္ဒ မဲအရေအတွက် ရရှိမှ ပြင်ဆင်နိုင်မည်ဖြစ် ခြင်းကြောင့် လက်ရှိလွှတ်တော်အတွင်းရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၅ ဦး၏ ၇၅ ရာခိုင်နှုန်းကျော် ဖြစ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦး၏ ထောက်ခံဆန္ဒမဲကို ရရှိမှသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent