ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန သုံးခုအပါအဝင် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများသည် မလုပ်မရှုပ်မပြုတ်လုပ်နေကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးမှုအပေါ် ဝန်ကြီးဌာနသုံးခုစကားရပ်အား ကန့်ကွက်ခဲ့ပြီး မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သားကိုယ်စားလှယ် တောင်းဆို

ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန သုံးခုအပါအဝင် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများသည် မလုပ်မရှုပ်မပြုတ်လုပ်နေကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးမှုအပေါ် ဝန်ကြီးဌာနသုံးခုစကားရပ်အား ကန့်ကွက်ခဲ့ပြီး မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သားကိုယ်စားလှယ် တောင်းဆို
Published 18 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေး ရာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနအပါ အဝင် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန များသည် မလုပ်မရှုပ်မပြုတ်လုပ်နေကြောင်း NLD ပါတီလွှတ်တော်ကိုယ်စားလှယ်၏ လွှတ်တော်အတွင်း ဆွေးနွေးချက်တွင်ပါဝင် သည့် ဝန်ကြီးဌာနသုံးခုစကားရပ်အား တပ် မတော်သားကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပြီး မှတ်တမ်းမှ ပယ်ဖျယ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေး ပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာ ဒုတိယ အတွဲ(၁/၂၀၂၀)နှင့်စပ်လျဉ်း၍ NLD ပါတီ မှ  မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ဆွေးနွေးခဲ့သည်။

“ပြည်ထောင်စုအစိုးရဝန်ကြီးဌာန များဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ဌာန သုံးခုအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနများမှာ မလုပ်မရှုပ်မပြုတ်လုပ်နေကြမယ်ဆိုပါက နောက်လာမယ့်နှစ် စာရင်းလည်း နောက်ထပ်တွေ့ရှိ ပြဿနာစာ ရင်းများထည့်ပေါင်းပြီး ယခုအစီရင်ခံစာအ တိုင်း ပြန်ကူးရေးချရုံဖြစ်နေပါမယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ပြောကြားသည်။

ယင်းသို့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၏ ဆွေးနွေးပြောကြားချက်နှင့်ပတ်သက်၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးက မတ်တတ်ရပ်၍ ကန့်ကွက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အခုကိုယ်စားလှယ်တော်ကြီး ဦးလှဆန်း ဆွေးနွေးတာက ကျွန်တော်တို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစီရင်ခံစာနဲ့ သဘောထားမှတ်ချက်အပေါ်ကို ဆွေးနွေး တာဖြစ်ပါတယ်။ ကိုယ်စားလှယ််တော်ကြီး ဆွေးနွေးသွားတဲ့ ဝန်ကြီးဌာနသုံးခုသည် မလုပ်မရှုပ်မပြုတ်ဖြစ်နေတယ်ဆိုတဲ့စာသား သည် ကျွန်တော်တို့ လွှတ်တော် နည်းဥပဒေ (ဋ)အရ ဆွေးနွေးဆဲကိစ္စတစ်ခုနဲ့ တိုက်ရိုက် မသက်ဆိုင်သောကိစ္စကို ပြောဆိုတာဖြစ်တဲ့ အပြင် အခြားပုဂ္ဂိုလ်များကို ထိပါးပြောဆို တာဖြစ်တဲ့အတွက် ကန့်ကွက်ပါကြောင်းနဲ့ မှတ်တမ်းမှ ပယ်ဖျယ်ပေးရန်နဲ့ နောက်တစ်ချက် နာယကကြီးရဲ့ လွှတ်တော်အစည်းအဝေး စည်းကမ်းချက်တွေ မလိုက်နာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သင့်တင့်သလိုအရေးယူဆောင်ရွက်ရမယ်ဆိုတဲ့ လုပ်ပိုင် ခွင့်နဲ့လည်း လိုအပ်မယ်ဆိုရင် ဆောင်ရွက် ပေးနိုင်ဖို့ တင်ပြအပ်ပါတယ်”ဟု တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးက ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က “ကောင်းပါပြီ။လုံးကောက်ကို ပြန်လည်ဖော်ထုတ်ပြီးမှ ဥပဒေနဲ့မညီတဲ့ အပိုင်းတွေကို အားလုံးပယ် ဖျက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေး ပို့သော ၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာအပေါ်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဒုတိယအတွဲ(၁/၂၀၂၀)နှင့်စပ်လျဉ်း၍ လွှတ် တော်ကိုယ်စားလှယ် ဦးလှဆန်းက ဆွေးနွေးရာတွင် အစီရင်ခံစာနှစ်ရပ်ပေါင်းမှာ ဥပဒေအရ စာရင်းစစ်ချုပ်က စစ်ဆေးမရသည့် ဝန််ကြီးဌာနမှလွဲပြီး ကျန်သည့်ဝန်ကြီးဌာန များ၏ မှားယွင်းမှုများကို ဖော်ပြထားကြောင်းတွေ့ရှိရကြောင်း ပြောကြားသည်။

“ပြည်ထောင်စုဝန်ကြီးဌာနများအနေ နဲ့ မိမိဝန်ကြီးဌာန၏ အားနည်းချက်များကို အစီရင်ခံစာမှာ မြင်တွေ့ရမှာဖြစ်သလို မိမိ ဌာနအကြောင်း မိမိသိရှိပြီးလည်းဖြစ်ပါလိမ့် မယ်။ မိမိရဲ့ စိမ့်ပေါက်ယိုပေါက်တွေကို ဖာ ထေးလို့ရပါက ဖာထေးပေးရမှာဖြစ်သလို ဖိတ်စင်တာတွေကိုလည်း ပြန်ခေါက်ထည့် ပေးရပါမယ်။ယိုပေါက်ကြီးရင်တော့ တရားရုံး အဂတိလိုက်စားမှုဖြင့် ဆောင်ရွက်ရပါလိမ့် မယ်။ ဖိတ်စင်တာတွေ လက်ဖြင့်ကောက်လို့ မရရင်တော့ လက်ထိတ်ဖြင့် ကောက်ယူနိုင် အောင် ဆောင်ရွက်ကြရပါလိမ့်မယ်။အစိုးရ ဝန်ကြီးဌာနများအနေနဲ့ နိုင်ငံ့ဘဏ္ဍာငွေ ရရှိ မယ့် အခွင့်အလမ်းများကို ဥပဒေနဲ့အညီ တရားမျှတစွာ အချိန်နဲ့တစ်ပြေးညီ ရရှိအောင် စီမံဆောင်ရွက်ပေးစေလိုပါတယ်” ဟု ဦးလှဆန်းက ပြောကြားသည်။

ထို့ပြင် အစီရင်ခံစာ၏ စာမျက်နှာ  ၁၆၇ တွင် စာရင်းစစ်ကော်မတီနှင့် ဌာနအတွင်း စာရင်းစစ်အဖွဲ့ ဖွဲ့စည်းမှု ကိစ္စရပ်များအတွက် စည်းမျဉ်းစည်းကမ်းညွှန်ကြားချက်များ အတိုင်း စာရင်းစစ်အဖွဲ့များ ထားရှိဆောင် ရွက်ပါက နိုင်ငံ့ဘဏ္ဍာငွေ အလေအလွင့် နည်း ပါးစေကြောင်း တွေ့ရှိရသဖြင့် ဝန်ကြီး ဌာနတိုင်းအနေဖြင့် ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးပြောကြားခဲ့သည်။

 

 

Most Read

Most Recent